ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီး
ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီး
Ministry of Information/ Naypyitaw / September 11, 2024

ဇေယျာသီရိ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
အဆိုပါတံတားသည် ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် ပေါင်းလောင်းမြစ်ကူးသစ်သားတံတားဖြစ်ပြီး "ခုထိတော့ ခန့်မှန်းပေ ၁၅၀ ခန့် ရေစီးသန်ပြီး မြစ်ထဲတော့မျောပါသွားပြီ၊ ပထမတစ်ခါမျောသွားတာက ပေ ၁၀၀ ခန့်၊ ခုထပ်ပြီး ၅၀ ခန့် ထပ်ပါသွားပါတယ်၊ ပေါင်းလောင်းဆည်ရေပိုလွှဲကလည်း ခါတိုင်းထက်ရေပိုပြီးကျဆင်းနေတော့ ဆက်ပြီးရေတက်လာဖို့ရှိပါတယ်၊ ရေစီးကတံတားအထက် ၂ ပေခွဲ ၃ ပေ လောက်ကိုကျော်တက်လာတာ၊ ရေစီးအရမ်းသန်ပါတယ်၊ ကျည်တောင်ကျေးရွာမှာတော့ လူဦးရေ ၃၀၀၀ ကျော်၊ သာယာဝှမ်းကျေးရွာမှာတော့ လူဦးရေ ၁၅၀၀ ကျော်နေထိုင်ပြီး ဒီတံတားကို အဓိကထားအသုံးပြုနေတာပါ၊ ခုလက်ရှိမှာတော့ တံတားပေါ်အများပြည်သူတွေ အသက်အန္တရာယ်မရှိအောင် တံတားအား ပိတ်ဆို့တားမြစ်ထားပါတယ်ဟု" ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက ပြောသည်။
အဆိုပါတံတား ကျိုးပျက်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် မြစ်အတွင်း အများပြည်သူများ ရေနစ်သေဆုံးမှုမရှိစေရေးအတွက် ဇေယျာသီရိမြို့နယ် မီသတ်ဦးစီးမှူး ဦးမင်းသူဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)


Newspaper - 3199 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download