ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Ministry of Information/ Naypyitaw / September 11, 2024
ဇေယျာသီရိ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ယနေ့ညနေပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးခိုင်မင်းထွန်းဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ ဇေယျာသီရိတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး "ယခုည ၇ နာရီခွဲအချိန်လောက်ထိ ၁၅ ဦးထိ ကယ်ဆယ်ပြီးပါပြီ၊ အောင်သာကျေးရွာဘုန်းတော်ကြီးကျောင်းမှာဆို ဒေသခံပြည်သူ ၂၀၀ ဦးခန့် ပိတ်မိနေပါတယ်၊ ယခုလက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဌာနဆိုင်ရာတွေစုပေါင်းပြီး ဆောင်ရွက်နေပါတယ်၊ ရေက ညနေ ၃ နာရီခွဲ ဝန်းကျင်မှာ ရုတ်တစ်ရက်တက်လာတော့ ရှောင်ရှားချိန်မရလိုက်ဘူးဖြစ်သွားတယ်ဟု သာစည်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ဇေယျာသီရိမြို့နယ်တွင် ဆင်သေချောင်းရေမြင့်တက်မှုကြောင့် ချောင်းအနီးရှိ အောင်သာ၊ မြဂနိုင်၊ သာစည်၊ လေသာ၊ ရွှေဗဟို၊ ရှားစေးဖို၊ ရွှေပေး၊ သပြေပင်၊ ထိန်ပင်၊ အလယ်ရွာ၊ ရှမ်းရွာ၊ အိုင်စောက်ကျေးရွာတို့တွင် ရေများဝင်ရောက်လျက်ရှိပြီး မြို့နယ်ကယ်ဆယ်ရေးစခန်းအနေဖြင့် ဗောဓိမြိုင်ဘုန်းတော်ကြီးကျောင်း၊ လွမ်းတောင်၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးများ၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း (ဇေယျာမြေ)
Newspaper - 3471 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
