တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆို


Ministry of Information/ Naypyitaw / March 20, 2025
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး နိုင်ငံအနာဂတ်ကို တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်ပေးသည့် အခြေခံအုတ်မြစ်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားများ ပညာတတ်မြောက်ရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေသူ ကလေးသူငယ်လူငယ်လူရွယ်တိုင်း စဉ်ဆက်မပြတ်ပညာသင်ကြားရေးတို့ကို နိုင်ငံတော်က အခမဲ့ပညာရေးစနစ်ဖြင့် အားပေးကူညီပျိုးထောင်ပေးလျက်ရှိသည်။ ယခုအခါတွင် အခြေခံပညာအဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မိဘပြည်သူများ၏ အားပေးကူညီမှုဖြင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုလျက်ရှိသည်။

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်လေးများ၏ ဘဝတစ်ဆစ်ချိုးအောင်မြင်မှု တက်လှမ်းနိုင်ရန်အတွက် တက်ကြွလန်းဆန်းစွာစာမေးပွဲဖြေဆိုမှု မြင်ကွင်းများကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယခုလိုစာမေးပွဲရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူများအားလုံး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြရမည်ဖြစ်သော်လည်း အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများ၏ နှောင့်ယှက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားနေသောဒေသများမှ စာမေးပွဲဖြေဆိုခွင့်မရကြသည့် ကျောင်းသား ကျောင်းသူများအတွက် များစွာစိတ်မကောင်းဖြစ်မိသည်။

တည်ငြိမ်အေးချမ်းသော တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကျောင်းသား ကျောင်းသူလေးများမှာ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုလျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက အစစအရာရာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် စာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် နိုင်ငံခြားစာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦးရှိသည်။ ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုအပါအဝင် စာစစ်ဌာနစုစုပေါင်း ၈၁၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲပထမနေ့တွင် ဖြေဆိုသူ ၉၄ ဒသမ ၅၉ ရာခိုင်နှုန်းရှိကာ ကျန်းမာရေးအရ ဆေးရုံစာဖြေဌာနများအပြင် အကျဉ်းဦးစီးဌာနပါမကျန် သက်သောင့်သက်သာ ဖြေဆိုနိုင်ရန် စီစဉ်ပေးထားသည်။

ယခုပညာသင်နှစ်သည် သင်ရိုးညွှန်းတမ်းအသစ်ကူးပြောင်းပြီးနောက် စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ်ဖြေဆိုရသည့်နှစ်ဖြစ်သည်။ ယခုပညာသင်နှစ်တွင် ပထမအကြိမ်တက္ကသိုလ်ဝင်တန်းစာမေးပွဲနှစ်ထက် စာမေးပွဲဖြေဆိုသူ ပိုမိုများပြားလာသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပီတိဖြစ်မိသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် STEAMS - 1, STEAMS - 2, STAMS – 1 ဟူ၍ ခွဲခြားထားသည်။ STEAMS – 1 တွင် ယခင်သိပ္ပံတွဲဟုခေါ်ဆိုသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များပါဝင်ပြီး STEAMS – 2 တွင် ယခင်ဝိပ္ပံတွဲဟုခေါ်ဆိုသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒဘာသာရပ်များပါဝင်သည်။ STAMS – 1 တွင် ယခင်ဝိဇ္ဇာတွဲဟုခေါ်ဆိုသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များပါဝင်သည်။

ယခုအခါ မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်များကို အဆင်ပြေပြေချောချောမွေ့မွေ့ ဖြေဆိုခဲ့ကြပြီးဖြစ်သည်။ ဆက်လက်၍ ကျန်ရှိသောဘာသာရပ်များကို ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ကြိုးစားအားထုတ်နေကြသည်။ ကျောင်းသားကျောင်းသူများ၏ သဘာဝအရစာမေးပွဲဖြေဆိုချိန်တွင် စိတ်လှုပ်ရှားမှုအနည်းနှင့်အများ ရှိကြသော်လည်း မိမိတို့ကြိုးပမ်းအားထုတ်ဆည်းပူးလေ့လာခဲ့ကြသည့် အတိုင်းအတာအလျောက် အခြားဘာသာရပ်များကိုလည်း အခက်အခဲမရှိ ဖြေဆိုနိုင်ကြလိမ့်မည်ဟုယုံကြည်သည်။ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလတွင် ပညာရေးမှတာဝန်ရှိသူများအပြင် မြို့နယ်အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ မီးသတ်၊ ကြက်ခြေနီ၊ လုံခြုံရေးတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်ကို လက်ဆင့်ကမ်းပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်များဖြစ်ကြရာ ပညာပြည့်ဝနှလုံးလှပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်အောင် အခြေခံကျသည့် အတန်းပညာများ စာမေးပွဲများကို စိတ်အေးချမ်းသာစွာဖြင့်ဖြေဆိုပြီး တိုးတက်အောင်မြင်လာအောင် ကျောင်းသား၊ မိဘ၊ ဆရာများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download