တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 19, 2026
ဘားအံ - မေ (၁၉)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(ဘားအံ)နှင့် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ (၁၇၉ပေ x ၃၆ပေ) သင်တန်းသူ (၂၀၀)ဆံ့(၄)ထပ် RC အိပ်ဆောင်(ရေချိုးခန်း၊ သန့်စင်ခန်း)အပါ တည်ဆောက်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းဖြင့် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပညာရေးဒီဂရီကောလိပ်ဒုတိယကျောင်းအုပ်ကြီးနှင့်တာဝန်ယူတည်ဆောက်သည့် မာန်မြင့်ဟိန်းကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန် ဆုံးတည်ဆောက်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ဘားအံပညာရေးဒီဂရီကောလိပ် ဘောလုံးအားက စားကွင်း မိုးရာသီတွင် ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး သင်တန်းသား၊သင်တန်းသူများ စိတ်အေးချမ်း သာစွာ အားကစားလေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ (၆)ခန်းတွဲ(၃)ထပ် (၁၁၄ပေ x ၄၀ပေ) ဆရာ၊ ဆရာမ အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေနှင့်ပတ္တမြားနယ်မြေတို့တွင် ယခုနှစ်အတွင်းပါရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ၊ဆရာမအိမ်ရာနှင့် ဘောလုံး အားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ (၁၄)ကြိမ်မြောက် နွေရာသီရာမညနိကာယမွန်စာပေနှင့်ဗုဒ္ဓယဉ်ကျေးမှု ဆုပေးပွဲ အခမ်း အနားကို ဘားအံမြို့၊ အိန္ဒု မွန်ကျောင်းကြီး၌ ကျင်းပရာ မွန်စာပေနှင့်ဗုဒ္ဓယဉ်ကျေးမှုအသင်းနာယက အိန္ဒုမွန်ကျောင်း ဆရာတော်ဘဒ္ဒန္တဝါယမအမှူးပြုသော ထေကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီး များနှင့် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဧည့်ပရိတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် အိန္ဒုမွန်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာနှင့်သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်တိုင်းရင်းသားလူ မျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလိုအပ်သည့် အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိကြောင်း၊ မတူကွဲပြားမှု များသည် အရောင်အသွေးစုံလင်လှပသော အလှတရားများပင်ဖြစ်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာထာဝစဉ် တည်မြဲရန် အတွက် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာနှင့်ရင်းနှီးချစ်ကြည်စွာ အတူလက်တွဲ နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီမွန်စာပေနှင့်ဗုဒ္ဓယဉ်ကျေးမှုဆုပေးပွဲအတွက် ငွေကျပ် ၃၀၀ သိန်းကို အိန္ဒုမွန်ကျောင်းဆရာတော်ထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြွရောက်တော်မူကြသော ဆရာတော်၊သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။



Newspaper - 3530 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
