တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မိန့်ခွန်းပြောကြား
တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မိန့်ခွန်းပြောကြား
Ministry of Information/ Naypyitaw / October 29, 2025
နေပြည်တော် အောက်တိုဘာ ၂၈
ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ မြန်မာ၊ ဟန်ဂေရီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကမ္ဘောဒီးယား၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း (၇) ခုတို့မှ ဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာ သုတေသီများ တက်ရောက်ခဲ့ကြသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုနှင့် ညီလာခံသို့ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် Collective Security Treaty Organization (CSTO)၊ Shanghai Cooperation Organization (SCO)၊ Conference on Interaction and Confidence - Building Measures in Asia (CICA) နှင့် Commonwealth on Independence States (CIS) အဖွဲ့အစည်းများမှ အတွင်းရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားကြသည်။
ဘယ်လာရုစ်နိုင်ငံ သမ္မတကပြောကြားရာတွင် တတိယအကြိမ် ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာ အဆင့်မြင့်ညီလာခံမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုထင်ပေါ်ကျော်ကြားလာပြီး နှစ်စဉ် နိုင်ငံတကာအစီအစဉ်များတွင် နေရာယူထားလျက်ရှိပါကြောင်း၊ မတူကွဲပြားသည့် လုံခြုံရေးမူဝါဒကိုလျစ်လျူရှုခြင်းမှာ အမှားတစ်ရပ်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ပဋိပက္ခများ မလျော့ပါးသွားခြင်း အဓိကအကြောင်းရင်းမှာ မတူကွဲပြားသည့် လုံခြုံရေးမူဝါဒကို စဉ်ဆက်မပြတ် လျစ်လျူရှုထား၍ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို အခြားနိုင်ငံတစ်နိုင်ငံ၏ အခြေအနေကို အသုံးချလျက် တည်ဆောက်ခြင်းမှာ အမှားတစ်ရပ်ဖြစ်သည်ဆိုသည့် အချက်ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားရာတွင် ကမ္ဘာကြီးသည် နိုင်ငံစုံဗဟုဝင်ရိုးပုံစံသို့ ပြောင်းလဲလျက်ရှိပြီး အာရှ၊ အာဖရိက၊ ယူရေးရှားဒေသမှ နိုင်ငံများက ကမ္ဘာ့အစီအစဉ်ကို ပိုမိုတက်ကြွစွာ ပုံဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့ပြောင်းလဲပုံဖော်မှုများသည် အပြန်အလှန် လေးစားပြီး သာတူညီမျှမှုကိုအခြေခံသည့် ရေရှည်တည်တံ့သော ကမ္ဘာ့စနစ်ကို တည်ဆောက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်တို့အတွက် အခွင့်အလမ်းကောင်းအဖြစ် ရှုမြင်ပါကြောင်း၊ ယခုကမ္ဘာ့ပုံစံသစ်မှာ မြန်မာနိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍ တက်ကြွပြီး၊ ဘက်မလိုက်သောမူဝါဒ၊ အပြန်အလှန် လေးစားမှုနှင့် ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင် ရေး မူကြီး ၅ ရပ်နှင့်ကိုက်ညီပါကြောင်း၊ အချင်းချင်း အပြန်အလှန်မှီခိုတည်မှီနေသည့် ကမ္ဘာပေါ်တွင် လုံခြုံရေးကိစ္စရပ်သည်လည်း နိုင်ငံများ၏နယ်နိမိတ်ကို ကျော်လွန်ဖြစ်ပေါ်နေသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၌ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် စိန်ခေါ်မှုများသည် သမားရိုးကျ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများလည်း ပေါ်ပေါက်လာနေကြောင်း၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများသည်လည်း သမားရိုးကျကဲ့သို့ပင် အရေးကြီးလာပါကြောင်း၊ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများ၏ အရင်းခံသည် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှ ဆင်းသက်လာသည်ကို တွေ့မြင်နိုင်ပါကြောင်း။
ရွှေတြိဂံဒေသရှိ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းတစ်ခုလုံး ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုများမှ တစ်ရပ်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတကာရာဇဝတ်ဂိုဏ်းများက ထိန်းချုပ်ဆောင်ရွက်နေသည့် အွန်လိုင်းလိမ်လည်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများသို့ ရောက်ရှိလာပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်သည့်ကွန်ရက်ကို တိုက်ဖျက်ရန် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအစိုးရအနေဖြင့် (၂) နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇၇၅၁ ဦးအား ထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့အခြေအနေတွင် မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသည် ယူရေးရှားဒေသများမှ နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက်ရန်နှင့် ဆွေးနွေးတိုင်ပင်ရန်တို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆွေးနွေးပွဲစင်္ကြံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မတူကွဲပြားမှုနှင့် နိုင်ငံစုံဗဟုဝင်ရိုး ဆိုင်ရာ ယူရေးရှားပဋိညာဉ်နှင့်ပတ်သက်သည့် အတွေးအခေါ်ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားစီးပွားရေးဖိုရမ်နှင့် မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံတို့သို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ ထိုသို့ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှုတည်ဆောက်ရေး၊ ဒေသ တွင်းတည်ငြိမ်မှုရရှိစေရေး၊ ယူရေးရှားဒေသတစ်ခွင် ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် အခြားဒေသတွင်း အဖွဲ့အစည်းများမှတစ်ဆင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်လျက်ရှိပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပံ့ပိုးသွားရန် အဆင်သင့်ရှိပါကြောင်း ပြောကြားသည်။
ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို ၂၀၂၃ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ယခုနှစ်တွင် “Global (Dis)Order and the Eurasian Security Puzzle” Theme ဖြင့် တတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။
ထို့ပြင် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးနိုင်သော အပြည်ပြည်ဆိုင်ရာစင်္ကြံများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3332 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
