တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
Ministry of Information/ Naypyitaw / June 03, 2026
နေပြည်တော် ဇွန် ၂
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ကတိသစ္စာ ပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၈ ဦးတက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခု ဒုတိယပုံမှန်အစည်းအဝေးကာလတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းဆွေးနွေးခြင်း၊ ဥပဒေကြမ်းများ စိစစ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတော်၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု၏ အကျိုးဖြစ်ထွန်းစေမှုကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လွှတ်တော်အစည်းအဝေးများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ကန့်သတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ပေါ်ပေါက်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်အစိုးရအဖွဲ့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြသည်ကို ကိုယ်စားလှယ်များအနေဖြင့် တွေ့မြင်သိရှိပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်၊ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု၏ အသံ၊ ဆန္ဒ များနှင့်ပေါင်းစပ်ပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အုပ်ချုပ်ရေးမဏ္ဍိုင်က ဆောင်ရွက်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများသည် ထိရောက်မြန်ဆန်လာမည်ဖြစ်ကြောင်း။
အမျိုးသားလွှတ်တော်အတွက် အခြားသော ရေးရာကိစ္စရပ်များလေ့လာရန် လိုအပ်သည့်ရေးရာကော်မတီများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေးရာကော်မတီများသည် မိမိတို့၏ရေးရာကိစ္စရပ်များအလိုက် ကော်မတီလုပ်ငန်းများကို သတ်မှတ်ပေးထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ အခြားသောအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျလိုက်နာပြီး ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်ကိုလည်း သတိပြုရမည်ဖြစ်ကြောင်း။
ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်း အရေးကြီးသည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုနိုင်ရေးတင်သွင်းဆွေးနွေးသွားရန်ရှိကြောင်း၊ ယင်းဥပဒေကြမ်းသည် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုရမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသည့် အွန်လိုင်းလိမ်လည်မှုများကို မြန်မာနိုင်ငံအနေဖြင့် ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေးအတွက် ယင်းဥပဒေကြမ်းကို ကိုယ်စားလှယ်များက အလေးအနက်ထား ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်များ အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ အသံ၊ ဆန္ဒများနှင့် ထင်ဟပ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ လုပ်ငန်းရပ်များကို ဆောက်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်အာခါ မိုဟာဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မွန်ကွန်းစူရစစ်ဂျာ၊ ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် မစ္စတာ ဟိရိုမိချိ ဝါတာနာဘေး၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအိုအူဆုအိနှင့် အသင်းညွှန်ကြားရေးမှူး မစ္စတာနာအိုဟိကိုတာကခုတို့က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်သည်။
အတည်ပြုကြေညာ
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတကာဆက်ဆံရေးကော်မတီကို ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက် လွှတ်တော်ရပ်နားထားစဉ် ကာလအတွင်း လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်ရန်များရှိသည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါနိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) မှ ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) မှ ဦးအောင်မင်း နိုင်တို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာသဘောတူသဖြင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဇွန် ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်
ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို ဇွန် ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3545 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
