တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၁၃၈၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်


Ministry of Information/ Naypyitaw / April 13, 2026
image_latest


နေပြည်တော် ဧပြီ ၁၃

မြန်မာတို့အတွက် သင်္ကြန်၏အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းချိန်ကာလတစ်ခုဖြစ်ပြီး ထိုသို့ နှစ်သစ်ကူးပြောင်းသည့်အခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကိုဆေးကြောသည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာဆင်နွှဲကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီပွဲတော်များအနက် အကြီးကျယ်ဆုံးနှင့် အစည်ကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး၌ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ၍ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် အထင်ကရပွဲတော်တစ်ခုဖြစ်သည်။

ထိုသို့ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်သည့် ဇေယျာသီရိရှိ မြက်ခင်းပြင်သို့ရောက်ရှိရာ တပ်မတော်အရာရှိကြီးများနှင့် မိသားစုများက စံပယ်ပန်းကုံးကမ်း၍ အတာရေပက်ဖျန်းကာ ကြိုဆိုကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

၎င်းနောက် အနုပညာရှင်များက “နှစ်သစ်မင်္ဂလာ” သီချင်းဖြင့် သီဆိုမှုနှင့်အတူ ယိမ်းအဖွဲ့သမီးပျိုများက ကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်ရေကစားမဏ္ဍပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကိုလည်း အသီးသီးသွားရောက်ဖွင့်လှစ်ပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပ၍ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်သည်။

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ၏ ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်း၍ လန်းဆန်းစေပြီး နှစ်သစ်တွင် နိုင်ငံတော်တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3499 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download