တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ရရှိခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက အားပေးထောက်ခံကြိုဆို ဒေသလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်
တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ရရှိခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက အားပေးထောက်ခံကြိုဆို ဒေသလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်
Ministry of Information/ Naypyitaw / July 19, 2025
နေပြည်တော် ဇူလိုင် ၁၈
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့်နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာစွာ အားပေးထောက်ခံကြိုဆိုလျက်ရှိကြပြီး အချို့မှာ ယာယီနေရပ်စွန့်ခွာနေရာမှ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျမှုများ၊ စစ်၏အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး တပ်မတော်က နောင်ချိုဒေသတစ်ဝိုက်အား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအနေ ဖြင့် တပ်မတော်အပေါ် ယခုကဲ့သို့ စိတ်အားထက်သန်စွာ အားပေး ထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ ခြင်းဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့နယ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ ၎င်းတို့၏ မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဖျက်ဆီးသွားခဲ့သည့် ရုံး/ဌာနအဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် အကြမ်းဖက်သမားများ ရက်စက်ယုတ်မာစွာ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယနေ့တွင်လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့ဝင် ၁၁၈ ဦးတို့သည် ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးသွားရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်အတူ မော်တော်ယာဉ်များဖြင့် နောင်ချိုမြို့သို့ ရောက်ရှိလာကြောင်း သိရှိရသည်။ အဆိုပါမော်တော်ယာဉ်များနှင့်အတူ တောင်ခမ်းဒေသနှင့် နောင်ချိုမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ တစ်ပါတည်း ပါရှိကြောင်း သိရသည်။
ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ၎င်းတို့၏ အိမ်ပြန်ချိန်ကို အစဉ်စောင့်မျှော်နေခဲ့ရကြောင်း၊ စစ်၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း၊ မိမိတို့၏သားသမီးများကိုလည်း အခြားငြိမ်းချမ်းသော အရပ်ဒေသများမှ ကလေး များကဲ့သို့ပင် အေးချမ်းစွာ ပညာသင်ယူစေချင်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဘက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် နောင်ချိုမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပါက တပ်မတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ နောင်ချိုမြို့သူမြို့သားများကဲ့သို့ပင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အခြားမြို့များကိုလည်း တပ်မတော်က ပြန်လည်ထိန်းချုပ်ရယူစေလိုသည့်ဆန္ဒများမှာ အခြားပြည်သူများထံတွင် လည်းရှိနေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အခြားဒေသများကိုလည်း တပ်မတော်က ပြန်လည်ရယူ၍ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝများအား ပြန်လည် ဖြည့်ဆည်း ဆောင်ရွက်ပေးစေလို ကြောင်း ဝမ်းပန်းတသာ ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်အဖွဲ့များ၏ ပြည်သူလူထုအပေါ် အကြောင်းမဲ့ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်မှု၊ ဆက်ကြေး ကောက်ခံမှု၊ အေးချမ်းသာယာနေသည့် မြို့ရွာများကို ဖျက်ဆီးမှုစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့သည့် ဒေသခံပြည်သူများသည် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3511 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
