တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား ပြန်လည်ထိန်းချုပ်ကာ ထားဝယ်-မြိတ်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား ပြန်လည်ထိန်းချုပ်ကာ ထားဝယ်-မြိတ်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့
Ministry of Information/ Naypyitaw / March 31, 2026
နေပြည်တော် မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွား ကားလမ်းမကြီးပေါ်တွင် အဓိကအချက်အချာကျသည့် ဝင်းဝတံတား၌ တံတားလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ Drone များအသုံးပြု၍ သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတံတားနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ယာယီစိုးမိုးကာ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့ခဲ့သည်။
ထိုသို့ အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တံတားလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သောင်းကျန်းသူများအား ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှသည့်အတွက် မတ်လ ၁၂ ရက်တွင် အဆိုပါနေရာမှ စနစ်တကျဖြင့် ဂုံညင်းဆိပ်နေရာသို့ ယာယီဆုတ်ခွာခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တံတားနေရာတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ မတ် ၂၈ ရက်တွင် စီတောကျေးရွာအား လည်းကောင်း၊ မတ် ၂၉ ရက်တွင် ရေချိုချောင်းကျေးရွာအားလည်းကောင်း၊ ၃၀ ရက်တွင် ပွိုင့်-၁၆၈ တောင်ကုန်းနှင့် ချောင်းဝပြင်ကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်ထိန်းချုပ်ခဲ့ပြီး ယနေ့တွင် ဝင်းဝရဲစခန်းဟောင်းနေရာနှင့် ဝင်းဝတံတားနေရာတစ်ဝိုက်တို့အား တပ်မတော်စစ်ကြောင်းများက အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် ထားဝယ်-မြိတ် သွားကားလမ်းတွင် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။
ယခုကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား တပ်မတော်စစ်ကြောင်းများက အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး ထားဝယ်-မြိတ်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်အပေါ် များစွာကျေးဇူးတင် ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3487 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
