တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်၊ လိုင်စင်မဲ့ယာဉ်၊ တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်နှင့် ရေယာဉ်များ သိမ်းဆည်းရမိ
တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်၊ လိုင်စင်မဲ့ယာဉ်၊ တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်နှင့် ရေယာဉ်များ သိမ်းဆည်းရမိ
Ministry of Information/ Naypyitaw / February 15, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၀၀၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း၊ မုံရွာလေဆိပ်၌ မုံရွာမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားမဝင် ရွှေသတ္တု ၂၂၇ ကျပ်သား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၄၀၀၀၀၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၁၉၀၀၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မင်းဘူးမြို့နယ်နှင့် စကုမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၈ ဒသမ ၇၀၂ တန်၊ အခြားသစ် ၁၇ ဒသမ ၄၃၂ တန်နှင့် တရားမဝင် သစ်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၁၂၉၉၃၇၆၂ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ သရက်မြို့နယ်နှင့် အောင်လံမြို့နယ်တို့အတွင်း၌ တရားမဝင် မြစ်ကျောက်တူးဖော်သည့် လိုင်စင်ရှိရေယာဉ် ၁၀ စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၀၀၀၀၀၀၀) ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေအရလည်းကောင်း၊ အောင်လံမြို့နယ်နှင့် ငဖဲမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ကံမမြို့နယ် ဆယ်ဆုသစ် စက်သုံးဆီဆိုင်အနီး၌ ဓာတ်ဆီ ၁၃၆ ဂါလန်၊ ဒီဇယ်ဆီ ၂၇ ဒသမ ၄ ဂါလန်နှင့် ငွေစက္ကူ ရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၅၈၅၃၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်ရှိ Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဥပဒေအရလည်းကောင်း၊ ပခုက္ကူမြို့နယ် အမှတ်(၁၅)ရပ်ကွက်၌ တရားမဝင် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း နှစ်လုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၈၀၀၀) ကို လောင်းကစားဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေ ၅၃၀၁၃၀၂၉၂ ကျပ်ကို သိမ်းဆည်းခဲ့ရပြီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ချောင်းဆုံမြို့နယ်၌ လိုင်စင်မဲ့ထော်လာဂျီ တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် အလုံဆိပ်ကမ်း၌ ကော့သောင်းမှ ရန်ကုန်သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ (ID)ပါ ဖော်ပြချက်နှင့် ကိုက်ညီမှန်ကန်မှုရှိသည့် လုပ်ငန်းသုံးပစ္စည်း ၂၇ မျိုး၊ လျှပ်စစ်ပစ္စည်း ၁၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၂ မျိုးအား အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုပေးခဲ့ပြီး သွင်းကုန်ကြေညာလွှာ (ID) တွင် ဖော်ပြထားခြင်းမရှိသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်ပစ္စည်း လေးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၃၁၃၁၇၇၉၆၄ ကျပ်)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV Mahar Tun ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေ ၂၈၃၄၈၉၂၄၇ ကျပ်)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၅၉၆၆၆၇၂၁၁ ကျပ်ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲ ဖွင့်လှစ်ထားရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၂၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ငါးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း ၄၂ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၆၈၀၀၆၈၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၅၀၀၀၆၈၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၆ မှု (ခန့်မှန်း တန်ဖိုးငွေ ၂၄၈၇၆၉၈၁၈၃ ကျပ်)ကို သိမ်းဆည်းရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
Newspaper - 3474 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
