တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ဒုတိယဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ဒုတိယဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / December 13, 2025
နေပြည်တော် ဒီဇင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၈)၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
လုပ်ငန်းစဉ်များထောက်ခံ
ထိုသို့တွေ့ဆုံစဉ် Online Scam တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံ များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု များတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် ပါဝင်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ဆက်လက်၍ မစ္စတာလျိုကျုံးရိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်၍ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု (Online Scams)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ် နိုင်ငံသားများကို ရှာဖွေကူညီကယ်တင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့သည် မြဝတီဒေသရှိ Online Scam တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာ ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
