တာဝန်ကျေပွန်၊ စည်းကမ်းလိုက်နာ၊ ကျင့်ဝတ်စောင့်ထိန်း
တာဝန်ကျေပွန်၊ စည်းကမ်းလိုက်နာ၊ ကျင့်ဝတ်စောင့်ထိန်း
Ministry of Information/ Naypyitaw / August 03, 2025
နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ တရားမဝင် ကုန်ပစ္စည်းဖမ်းဆီးရရှိမှုသည် လစဉ်တိုးတက်များပြားလာကြောင်း၊ ထိုသို့ဖမ်းဆီးရရှိမှုတိုးလာခြင်းသည် တရားမဝင် ကုန်ပစ္စည်းများ လအလိုက် နိုင်ငံအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှုများပြားနေခြင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်တွင် တွေ့ရသည်။
နိုင်ငံတော်အကြီးအကဲက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ယခုထက်ပို၍ ထိထိမိမိဆောင်ရွက်ရန် မှာကြားထားခြင်းဖြစ်ရာ တစ်ဖက်တွင် ဖမ်းဆီးမှုတိုးလာသည်နှင့်အမျှ တရားမဝင် ကုန်သွယ်မှုမှာ လျော့ကျမသွားဘဲ တိုးလာနေခြင်း၏ အကြောင်းရင်းကို ဆန်းစစ်ကြည့်ရန်လိုအပ်နေသည်။ တရားမဝင် ကုန်သွယ်မှုသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အခွန်ဘဏ္ဍာ ရရှိရေး၊ MSME လုပ်ငန်းများ ထူထောင်ရေး၊ လုံခြုံရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးစသည်ဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် အရေးကိစ္စများစွာတို့ကို ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်စေရာ နိုင်ငံအတွက် အန္တရာယ်ကြီးမားသည်။ သို့ဖြစ်ရာ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် အရေးယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများအပေါ် ပြန်လည်ဆန်းစစ်ရန် လိုအပ်နေခြင်းဖြစ်သည်။
ထို့အပြင် တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့မှာ ဒင်္ဂါးပြားတစ်ချပ်၏ ခေါင်းနှင့်ပန်းသဖွယ် ကျောချင်းကပ်နေခြင်းဖြစ်ပြီး အဂတိလိုက်စားမှုမှာလည်း တရားမဝင်ကုန်သွယ်မှုနည်းတူပင် နိုင်ငံအတွက် အန္တရာယ်ကြီးသည်။ တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များမှာ ကုန်ပစ္စည်းများ၊ ငွေကြေးများနှင့် လာဘ်ပေးလာဘ်ယူမှုပြုရန် ဆွဲဆောင်မှု၊ ခြိမ်းခြောက်မှုများစသည်တို့နှင့် အဆက်မပြတ် ကြုံတွေ့နေကြရခြင်းဖြစ်ရာ လောဘ၏ သွေးဆောင်ရာနောက်သို့ လိုက်ပါမသွားစေရန် စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲမှုပြုရန်လိုသည်။ တစ်ဦးချင်း တစ်ယောက်ချင်းစီက ကိုယ်ကျိုးရှာမှုများမှာ မကြာမီပေါ်ထွက်လာလေ့ရှိသော်လည်း အများညီ တစ်ဖွဲ့လုံး ကိုယ်ကျိုးရှာမှုများမှာမူ အချိန်ကြာမြင့်ပြီး အပုပ်နံ့ထွက်ပေါ်လာမှသာ သိရှိကြရခြင်း ဖြစ်ရာ စနစ်တကျ မျက်ခြည်မပြတ် ကြပ်မတ်သွားရန်လိုအပ်သည်။
မြဝတီနယ်စပ်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၄၄ စီး ဘားအံမြို့မှဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန် တရားမဝင်ဖြတ်သန်းသွားမှုအခြေအနေကို သတင်းပေးသူက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီသို့ ဇူလိုင်လအတွင်းက တိုက်ရိုက်သတင်းပေးခဲ့ရာ ချက်ချင်း သက်ဆိုင်ရာအထူးအဖွဲ့များနှင့် OSS ဝန်ထမ်းများက ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ၁၃၂ စီးကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုခဲ့သလို မှန်မှန်ကန်ကန် စစ်ဆေးခြင်းလည်းမရှိခဲ့ဘဲ ကိုယ်ကျိုးရှာခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုကို သတင်းပေးခြင်း၊ ဖမ်းဆီးခြင်းတို့တွင် ဖမ်းဆီးရမိမှုကုန်ပစ္စည်းတန်ဖိုးအပေါ်တွင် မူတည်၍ ဆုကြေးငွေများ သတ်မှတ်ခံစားခွင့်ပြုနေခြင်းဖြစ်ရာ မိမိ၏လုပ်ငန်းတာဝန်အပေါ် သစ္စာရှိခြင်း၊ မိမိ၏ ဂုဏ်သိက္ခာအပေါ် တန်ဖိုးထားခြင်းဖြင့် ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုသည်။ တရားမဝင်ကုန်သွယ်နေကြသူများပေးသည်ကိုယူ၍ ၎င်းတို့၏ အသုံးချခံဘဝကို ရောက်ရှိနေခြင်းက ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ၏ဌာနအပေါ်၊ မိမိထမ်းဆောင်ရမည့် တာဝန်အပေါ် သစ္စာမဲ့ရာကျသည့်အပြင် မိမိဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည်သာမက မိမိတို့၏ လုပ်ရပ်များဖော်ထုတ်ခံရပြီး အရေးယူခံရသည့်အခါ ဆုံးရှုံးမှုကြီးမားသည့်အလျောက် တာဝန်ကျေပွန်သော၊ စည်းကမ်းလိုက်နာသော၊ ကျင့်ဝတ်စောင့်ထိန်းသော ဝန်ထမ်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ကြရပါမည့်အကြောင်း။ ။
Newspaper - 3374 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
