တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက်ဖွင့်ပွဲ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းတက်ရောက်


Ministry of Information/ Naypyitaw / November 27, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၆

တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝူရှီးဟွာကွမ်းကုမ္ပဏီလီမိတက် (Wuxi Hua Guang (Myanmar) Co., Ltd.)၊ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက်နှင့် မနောဧရာအထွေထွေရောင်းဝယ်ရေးကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်

ဦးစွာ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက်ဖွင့်ပွဲကို လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးကြကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် မောင်းနှင်နေမှုနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုမ္ပဏီမှဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ယင်းနောက် ရှင်းလင်းဆောင်တွင် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင် စန်းက နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ကာလတို/ ကာလလတ်/ ကာလရှည်အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မီး သွေးလောင်စာအသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် နိုင်ငံတော်ဓာတ်အားစနစ်အတွက် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် ကျောက်မီးသွေးအသုံးပြုပြီး ဓာတ်အားထုတ်လုပ်လျက်ရှိသည့် ပမာဏသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဒေသတွင်းနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါကနည်းပါးလျက်ရှိကြောင်း။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သယံဇာတများစွာရှိသည့်အနက် ဆပ်ဘစ်တူးမင်းနပ်စ် (Sub-bituminous) အမျိုး အစားကျောက်မီးသွေးများအားအများဆုံး တွေ့ရှိရကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြောက်ခံစက်အသုံးပြုခြင်းဖြင့် အပူစွမ်းအင်ထုတ်လုပ်မှုပိုမိုမြှင့်တင်နိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှုစွမ်းရည်(Effi-ciency) တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာ (Advanced Technology)များ အသုံးပြု၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကို လျော့နည်း စေသော လျှပ်စစ်ဓာတ်အားများစွာကို စီးပွားရေးတွက်ခြေကိုက်စွာ လက်တွေ့ကျကျ ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ ယင်းသည် “အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်နှင့်စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စီမံဆောင်ရွက်ရန်” ဆိုသည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ပထမအဆင့် အကြီးစားပြင်ဆင်ခြင်းများ ဆောင်ရွက်ကာ ဓာတ်အား ၉၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးလျက်ရှိပြီး ယခုဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်၍ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် ယခင်ထုတ်လုပ်မှုထက် ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်သဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။       

ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တီကျစ်ကျောက်မီး သွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ မောင်းနှင်လည်ပတ်နေမှုအခြေအနေနှင့် ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် Wuxi Hua Guang (Myanmar) Co., Ltd. မှ တာဝန်ရှိသူတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ထို့နောက် စက်ရုံအတွင်း ပြာသိုလှောင်ရုံရှိ စက်ရုံမှထွက်ရှိလာသည့်ပြာများ ထုတ်လုပ်နေမှု၊ အသုံးပြုရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် စက်ရုံအတွက် အသုံးပြုသည့် ကျောက်မီးသွေးတူးဖော်နေ မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကာ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။

ထပ်မံဖြည့်ဆည်းပေးနိုင်မည်

ယခုဖွင့်လှစ်သည့် ကျောက်မီးသွေး အခြောက်ခံစက်တည်ဆောက်ခြင်းကြောင့် အသုံးပြုလျက်ရှိသော ဒေသထွက်ကျောက်မီးသွေး၏ စိုထိုင်းဆများပြားမှုကို လျှော့ချကာ အပူစွမ်းအင်ကို တိုးမြှင့်နိုင် ခဲ့သဖြင့် ယခင်လျှပ်စစ်ဓာတ်အား ၉၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုအခါ စက်တပ်ဆင်အင်အားပြည့် ၁၂၀ မဂ္ဂါဝပ် အထိ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၃၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3362 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download