တီဘီရောဂါကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့


Ministry of Information/ Naypyitaw / March 26, 2026
image_latest


တီဘီရောဂါသည် ကမ္ဘာ့အပြင်းထန်ဆုံး ကူးစက်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ကာကွယ်၍၊ ကုသ၍ရသော ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ တီဘီရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။

မြေနိမ့်ရာလှံစိုက် ဆိုရိုးစကားကဲ့သို့ပင် တီဘီရောဂါဖြစ်ပွားမှုအများစုသည် အရှေ့တောင်အာရှ၊ အာဖရိကနှင့် အနောက်ပစိဖိတ် ကဲ့သို့သော ဒေသများတွင်ရှိ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ် အဆင့်ရှိနိုင်ငံများတွင် ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူ ၁၀ ဒသမ ၆ သန်းခန့် တီဘီရောဂါ ဖြစ်ပွားခဲ့ရာတွင် HIV ကင်းစင်သူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းခန့်ရှိခဲ့ပြီး HIV ရှိသူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁၆၇၀၀၀ ခန့်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/ အိတ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀ စာရင်းတွင်ပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင် ဒုတိယမြောက် တီဘီလူနာသစ်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တီဘီ ရောဂါအမျိုးမျိုးကြောင့် လူ ၂၀၀၀၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။

တီဘီရောဂါဖြစ်ပွားရခြင်း၏ အဓိကအကြောင်းများတွင် အာဟာရချို့တဲ့မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဆီးချိုရောဂါဖြစ်ပွားမှု၊ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုတို့ပါဝင်သည်။ တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လေမှတစ်ဆင့်ကူးစက်ပျံ့နှံ့သည်။ အဆုတ်တွင် အများဆုံးဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ဦးနှောက်၊ ကျောရိုး၊ အူလမ်းကြောင်းကဲ့သို့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်သည်။ တီဘီရောဂါ ဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျမခံယူပါက မိမိမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူများကို အလွယ်တကူ ကူးစက်နိုင်သည့်အပြင် မိမိကိုယ်တိုင်လည်း ပထမအဆင့် တီဘီရောဂါကုဆေးများနှင့် မကုသနိုင်တော့သည့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်လာနိုင်သည်။

သလိပ်တွင် တီဘီပိုးရှိသည့် ဝေဒနာရှင်များ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် ရောဂါပိုးများ လေထဲသို့ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများရှူရှိုက် မိရာမှ ရောဂါပိုးကူးစက်ခံရနိုင်သည်။ အများအားဖြင့် ရောဂါပိုးရှိသူထံမှ အတူနေမိသားစုထံသို့လည်းကောင်း၊ ရုံးခန်း၊ စာသင်ခန်း၊ စက်ရုံ၊ အလုပ်ရုံစသည့်နေရာတို့တွင် ရောဂါရှိသူထံမှ အခြားသူများထံသို့လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့ပြင် လူစုလူဝေး များပြားသည့်နေရာများ၊ အများပြည်သူသွားလာသည့် ယာဉ်၊ ရထားများ စသည်တို့တွင်လည်း ရောဂါရှိသူထံမှ ပတ်ဝန်းကျင်ရှိ လူများထံကူးစက်နိုင်သည်။ မည်သူမဆို တီဘီရောဂါ ကူးစက်ခံရ နိုင်သော်လည်း တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါဖြစ်ပွားလေ့မရှိဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။

အာဟာရချို့တဲ့သူ၊ ခုခံအားကျဆင်းနေသူ၊ ဆေးလိပ်သောက်သူ၊ အရက်အလွန်အကျွံသောက်သူ၊ အသက်ကြီးသူနှင့် ငါးနှစ်အောက်ကလေးများ၊ ဆီးချိုရှိသူများနှင့် အစာအိမ်ဖြတ်တောက်ထားရသူများ စသည့်သူတို့မှာ တီဘီရောဂါပိုး ကူးစက်ခံရပါက တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပြီး နေအိမ်နှင့် အလုပ်နေရာတို့တွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာမရသည့် နေရာ၊ လူမှုစီးပွားရေး နိမ့်ကျသည့် အခြေအနေတို့မှာလည်း တီဘီရောဂါ ဖြစ်ပွားရန် အားပေးသည်။ မိမိကိုယ်တိုင်အပါအဝင် မိသားစုအတွင်း နှစ်ပတ်နှင့်အထက် ချောင်းဆိုးလျှင်၊ ချောင်းဆိုးသည့်အခါ သွေး သို့မဟုတ် သလိပ်ပါလျှင်၊ အစားအသောက်ပျက်လျှင်၊ ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာလျှင်၊ တငွေ့ငွေ့ဖျားလျှင် (အထူးသဖြင့် ညနေပိုင်း)၊ ညအခါ ချွေးအလွန်ထွက်လျှင် တီဘီရောဂါ ရှိ မရှိ စစ်ဆေးမှုခံယူရန် လိုအပ်သည်။

မိမိတို့နိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းများရေးဆွဲပြီး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးဆောင်ပုဒ်ဖြစ်သည့် ‘‘တီဘီရောဂါ ကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့’’ ဟူသည်နှင့်အညီ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတို့ပူးပေါင်းကာ ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါမည့်အကြောင်း။ ။

Newspaper - 3481 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download