တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကျေးရွာ၌ မီးခိုးမြူငွေနှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကျေးရွာ၌ မီးခိုးမြူငွေနှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Ministry of Cooperatives and Rural Development/ Naypyitaw / April 08, 2025

တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကျေးရွာ၌ မီးခိုးမြူငွေနှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
တောင်တွင်းကြီး၊ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ် သမဝါယမဦးစီးဌာန ၊ကျေးလက်လမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လေထုညစ်ညမ်းမှုကာကွယ်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန် သော ပတ်ဝန်းကျင် ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ဘိုကုန်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ၌ မီးခိုးမြူငွေနှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲကို ဧပြီလ ၃ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်က
လေထုညစ်ညမ်းမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့်ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်း မှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရ
မည့် အချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်း မှု မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ် သမဝါယမဦးစီးဌာန ၊ကျေးလက်လမ်းဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက မီးခိုးမြူငွေ့ နှင့်လေထု ညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဘိုကုန်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်း
လျန်ထံမှ သိရသည်။
Newspaper - 3265 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။
