တွင်တွင်ကျယ်ကျယ် အသုံးပြုကြရမည့် ရထားဖြင့်ကုန်စည်ပို့ဆောင်ရေးစနစ်
တွင်တွင်ကျယ်ကျယ် အသုံးပြုကြရမည့် ရထားဖြင့်ကုန်စည်ပို့ဆောင်ရေးစနစ်
Ministry of Information/ Naypyitaw / April 02, 2026
အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ၏ အကျိုးဆက်ဖြစ်သော စက်သုံးဆီရှားပါးမှုပြဿနာက ကမ္ဘာအရပ်ရပ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လျက်ရှိရာ မိမိတို့နိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ အဆိုပါ အခက်အခဲကိုကျော်လွှားနိုင်ရေးအတွက် စက်သုံးဆီသုံးစွဲမှုလျှော့ချရေးအစီအစဉ်များ ဆောင်ရွက်နေသော်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းက တစ်ဖက်တွင် ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှုဖြစ်ပေါ်ပြီး ကုန်စျေးနှုန်းများ မြင့်တက်လာနိုင်သည်။
၎င်းအခြေအနေနှင့်ပတ်သက်၍ “စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများအလိုက် ကုန်စျေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း၊ ထို့ကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် အဓိကလိုအပ်သည့် ဒီဇယ်ဆီများကို သက်သာသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်မှုများကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာမှု မရှိစေရေးအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် မီးရထားဖြင့် ပို့ဆောင်မှုများကို အဓိကထားအသုံးပြု၍ ကုန်စည်များကို သယ်ယူပို့ဆောင်သွားကြရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေသြဇာများရရှိရေး အစည်းအဝေးအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရထားဖြင့် ကုန်စည်ပို့ဆောင်ခြင်းသည် အလယ်အလတ်ခရီးနှင့် ခရီးရှည်ပို့ဆောင်ရေးတို့တွင် ကုန်ကျစရိတ်သက်သာစေပြီး ကုန်တင်ယာဉ်များနှင့်နှိုင်းယှဉ်ပါက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၇၅ ရာခိုင်နှုန်းအထိ လျော့နည်းခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေသည်။ ခရီးစဉ်တစ်ခုတည်းမှာပင် ကုန်တန်ချိန်ထောင်နှင့်ချီ၍ သယ်ယူပို့ဆောင်ပေးနိုင်ပြီး ကုန်တင်မော်တော်ယာဉ်များတွင် ကြုံတွေ့ရသည့် ယာဉ်ကြောပိတ်ဆို့မှု၊ ရာသီဥတုအနှောင့်အယှက်များကြောင့် ထိခိုက်မှုတို့ နည်းပါးသည်။ ထို့အပြင် သတ်မှတ်အချိန်ဇယားဖြင့် ပို့ဆောင်ပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
လက်ရှိအခြေအနေတွင် ကုန်ပစ္စည်းများကို ကုန်တင်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရာ၌ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်၊ စိုက်ခင်း၊ စိုက်ကွင်း၊ ကုန်စည်ဒိုင် စသည်တို့မှ ဈေးကွက်များသို့ တိုက်ရိုက်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ ကားဖြင့် ကုန်စည်တင်ပို့ခြင်း၏ အဓိကအားသာချက်မှာလည်း ကုန်ချိန်ပမာဏအကန့်အသတ်ဖြင့်သာရှိသော ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ စက်သုံးဆီရှားပါးမှု အခက်အခဲဖြစ်ပေါ်ချိန်တွင်မူ မြင့်မားလာသည့် စက်သုံးဆီဈေးနှုန်းကြောင့် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်မြင့်တက်ကာ ကုန်ဈေးနှုန်းများမြင့်တက်လာမှု လျော့နည်းသက်သာစေရန်အတွက် ခရီးဝေးပို့ဆောင်မှုများတွင် ကုန်ရထားများကို အသုံးပြုရန်လိုအပ်လာသည်။ အချို့ခရီးစဉ်များအတွက် ကုန်ရထားနှင့် ကုန်တင်ကားတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် လိုရာခရီးသို့အရောက် ပို့ဆောင်နိုင်မည်ဖြစ်သည်။
ယခုအခါ မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ခြင်း၊ ဘူတာများကို ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ခေတ်မီရထားတွဲဆိုင်းများ ဝယ်ယူဖြည့်တင်းခြင်း၊ စက်ခေါင်းအသစ်များ တည်ဆောက်ခြင်းတို့ဖြင့် ရထားတစ်ခေတ် ဆန်းသစ်စေရေး ဆောင်ရွက်လျက်ရှိပြီး လူစီးရထားများနှင့် ကုန်ရထားများ၏ အမြန်နှုန်းကိုမြှင့်တင်၍ ခုတ်မောင်းချိန်ကို လျှော့ချလျက်ရှိသည်ဟုသိရသည်။ အလယ်အလတ်ခရီးစဉ်များနှင့် ခရီးရှည်ပို့ဆောင်ရေးတို့အတွက် ကုန်ရထားများ၏ ဝန်ဆောင်မှုများကို ခေတ်နှင့်အညီမြှင့်တင်ခြင်း၊ ကုန်ရထားများ ပိုမိုတိုးချဲ့ပြေးဆွဲပေးခြင်းတို့ဖြင့် ကုန်စည်ပို့ဆောင်မှု လျင်မြန်ချောမွေ့ရေးနှင့် သယ်ယူပို့ဆောင်မှုစရိတ် လျော့နည်းသက်သာရေးတို့ကို အထောက်အကူပြုစေမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အဓိကရထားလမ်းပိုင်းကြီးတစ်ခုဖြစ်သော ရန်ကုန်-နေပြည်တော်- မန္တလေးလမ်းပိုင်းတွင် ရထားလမ်းအဆင့်မြှင့်တင်ခြင်းနှင့်အတူ DEMU လူစီးအမြန်ရထားတွဲသစ်များ ခုတ်မောင်းပြေးဆွဲခြင်း၊ အွန်လိုင်းလက်မှတ်စနစ် ကျင့်သုံးလာနိုင်ခြင်းတို့ကြောင့် ရထားစီးခရီးသည်များ ပြန်လည်များပြားလာခဲ့ရာ ရထားဝန်ဆောင်မှုများ ကောင်းမွန်လာသည်နှင့်အမျှ ခရီးသွားပြည်သူတို့၏ အားထားမှုကို ပြန်လည်ရရှိလာခြင်းဖြစ်သည်။ ကုန်စည်များပို့ဆောင် ရေးအတွက်လည်း အလွယ်တကူသယ်ယူပို့ဆောင်နိုင်ခြင်း၊ လုံခြုံ စိတ်ချရခြင်း၊ အချိန်မီရောက်ရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းစသည့် အားသာချက်များရှိနေသည့် ရထားပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3488 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
