တွေ့ဆုံဆွေးနွေးအဖြေရှာမှုမှသည် ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီ
တွေ့ဆုံဆွေးနွေးအဖြေရှာမှုမှသည် ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီ
Ministry of Information/ Naypyitaw / October 15, 2025
ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ ရရှိနိုင်သည်။ ငြိမ်းချမ်းရေးကို စစ်ပွဲများရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ရရှိလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အလွန်အရေးကြီးသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အား အားလုံးပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အားလုံးပါဝင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အားလုံးအကျေအလည်ဆွေးနွေးပြီး ရရှိလာသည့်အချက်များဖြင့် NCA ပေါ်ထွက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ NCA စာချုပ်သည် အလွယ်တကူဖြစ်ပေါ်လာသည့် စာချုပ်မဟုတ်ဘဲငြိမ်းချမ်း ရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ခဲ့သည့်နေ့မှစ၍ ဆွေးနွေးမှုအကြိမ်ရေ ၅၀၀၀ ကျော်အထိ ပြုလုပ်ပြီးမှ ရရှိခဲ့သည့်စာချုပ်ဖြစ်သည်။ NCA စာချုပ်ဖြစ်ပေါ်လာစေရန် ဆွေးနွေးညှိနှိုင်းခဲ့စဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနီးပါး ပါဝင်ခဲ့ သော်လည်း လက်မှတ်ရေးထိုး ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နှစ်ပေါင်း ၈၀ နီးပါးကြာအောင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် လွတ်လပ်ရေး၏ အနှစ်သာရများ၊ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရ သေးသည်မှာ လက်နက်ကိုင် ပဋိပက္ခများနှင့် လက်ရှိပကတိဖြစ်ရပ်များက ညွှန်းဆိုဖော်ပြလျက်ရှိသည်။ မူလအဓိကအကြောင်း တရားများအရ တိုင်းရင်းသားလူမျိုး အချင်းချင်း သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေခံပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့်ဖြစ်သည်ကို တွေ့ရှိခဲ့ရပြီးဖြစ်သည်။ လက်ရှိကာလတွင် သဘော ထားကွဲလွဲမှုများအပြင် အကျိုးစီးပွားများလည်းပါဝင်လာသဖြင့် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းအဖြေရှာကြရမည် ဖြစ်သည်။
ယင်းတို့ကိုဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏အနှစ်သာရ၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို အပြည့်အဝ ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင် များကို တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်လျှင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်လျက်ရှိသည်။
NCA စာချုပ်မှ ရရှိထားသည့် သဘောတူညီချက်များမှတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်သင့်သည့်အချက်များကို ဒီမိုကရေစီနည်းလမ်းတကျဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဟုလည်း တပ်မတော်က အတိအလင်း ပြောကြားထားသည်။ တပ်မတော်အနေဖြင့် NCA စာချုပ်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက်တည်း ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ထုတ်ပြန်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများရှိနိုင်သော်လည်း ကိုယ်စီလိုလားချက်များကို လက်နက်ကိုင်အကြမ်းဖက် သည့်နည်းလမ်းဖြင့် တောင်းဆိုခြင်းမှာ မှားယွင်းသော လမ်းစဉ်ဖြစ်သည်။ မှန်ကန်သည့် ကောင်းကျိုးရလဒ်များ မရနိုင်သည့်အတွက် တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါကတွေ့ဆုံ ဆွေးနွေးခြင်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်၍ ကြိုဆိုလျက်ရှိသည်။ ဒေသခံတိုင်းရင်းသားပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့ များအား မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေး တွန်းအားပေး ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။
သို့ဖြစ်ရာ ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါသော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သမိုင်းဝင်ချုပ်ဆိုနိုင်ခဲ့သည်မှာ (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသော လက်နက်ကိုင် ပဋိပက္ခများ၏ ဆိုးကျိုးများကို တိုင်းရင်းသား ပြည်သူများက သိမြင်နားလည်နေပြီဖြစ်၍ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများမှသည် ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။
Newspaper - 3318 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
