ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် အားလုံးပါဝင်အကောင်အထည်ဖော်


Ministry of Information/ Naypyitaw / March 01, 2026
image_latest


အစိုးရ၏အုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟစနစ်တစ်ခု တည်ဆောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဒစ်ဂျစ်တယ်မြန်မာနည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး “မိမိတို့အနေဖြင့် ASEAN Digital Master Plan ၏ ရည်မှန်းချက်များဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက်အဝန်း(Inclusive Digital Community)၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ် ဂေဟစနစ် (Trusted Digital Ecosystem)၊ ဆန်းသစ်တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy)၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce)၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယခုအခါ ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာကို အထူးအလေးထားဆောင်ရွက်နေသည်။ အာဆီယံနိုင်ငံအချင်းချင်း AI ဆိုင်ရာကျင့်ဝတ်စံနှုန်းများကို ညှိနှိုင်းပြီး ဘေးကင်းသည့် AI အသုံးချမှု ဖော်ဆောင်နေသည်ကို တွေ့ရသည်။ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများလည်း များလာသည်ကို တွေ့ရသည်။ ယင်းတို့ကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်းကွန်ရက်ကို ယခင်ထက်ပိုမိုခိုင်မာအောင် တည်ဆောက်နေသည်ကိုတွေ့ရသည်။ ရတနာပုံမြို့သစ်တွင် လူငယ်များ၏ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီများ၏ ဒစ်ဂျစ်တယ်နည်းပညာသစ်များကို အမြင် ချင်းဖလှယ်တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရသဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းများပင်ဖြစ်သည်။

မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်သည့် စွမ်းရည်များရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်လူရွယ်များ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းပကားကို လမ်းဖွင့်ပေးပြီး အားပေးကူညီလျက်ရှိသဖြင့် နိုင်ငံတော်၏အနာဂတ် မြင့်မားတိုးတက်လာမည့် အလားအလာကောင်းများရှိနေ သည်။ ယခုကဲ့သို့ ရတနာပုံမြို့သစ်တွင် လူငယ်လူရွယ်များပါဝင်သည့် နည်းပညာဖလှယ်ပွဲနှင့် ပြပွဲမှတစ်ဆင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Software များ၊ Hardware များနှင့် ဆန်းသစ်သည့် Solution များကို ဖန်တီးနိုင်ပြီး ကျောင်းသားလူငယ်များ၏ Project များသည် မြန်မာနိုင်ငံ၏ အနာဂတ်ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များဖြစ်လာမည်ဟု မျှော်လင့်သည်။

တီထွင်ဆန်းသစ်ထားသော နည်းပညာများကိုအသုံးချ၍ အာဆီယံနိုင်ငံများကြားတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ AI ကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် AI ဆိုင်ရာဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရေး၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရေး၊ အဆင့်မြင့် နည်းပညာဆိုင်ရာပညာရှင်များ မွေးထုတ်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း နည်းပညာ အသုံးချမှုကို တိုးမြှင့်ပေးရေး၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးရေး စသည်တို့ကို အကောင်အထည်ဖော်သွားကြရမည်ဖြစ်သည်။

ယခုနည်းပညာနှီးနှောဖလှယ်ပွဲမှ နည်းပညာလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဝါသနာရှင်ကျောင်းသား ကျောင်းသူများအကြား အခွင့်အလမ်းသစ်များဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာတီထွင်မှုများကို အသိအမှတ်ပြုဖော်ထုတ်ပေးခြင်းနှင့် ပြည်တွင်းအခြေစိုက် အီလက်ထရောနစ်စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများလည်းရရှိမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသည် အဓိကစွမ်းပကားဖြစ်သည်။ “နည်းပညာသည် အနာဂတ်ကိုပုံဖော်သူ”ဟူသည့်စကားနှင့်အညီ ယခုရရှိလာမည့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 3456 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download