ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် ၄၅ (Online) သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် ၄၅ (Online) သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း
Office of the Auditor General of the Union/ NPT / December 22, 2025
၁။ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်း အမှတ်စဉ် ၄၅ ကို မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းများ (နေပြည်တော်/ရန်ကုန်)တွင် ၆-၁၁-၂၀၂၅ ရက်နေ့မှ ၃၁-၈-၂၀၂၆ ရက်နေ့အထိ Face to Face ဖြင့် ဖွင့်လှစ်လျှက်ရှိပါသည်။ သို့ရာတွင် Face to Face ဖြင့် တက်ရောက်ရန် အခက်အခဲရှိသည့် နေပြည်တော်နှင့် ရန်ကုန်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှ နိုင်ငံ့ဝန်ထမ်းများ တက်ရောက်နိုင်ရန် ရည်ရွယ်လျက် ၁၉-၁-၂၀၂၆ ရက်နေ့မှစ၍ Online ဖြင့် ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းကာလမှာ ပထမပိုင်း (တစ်နှစ်)နှင့် ဒုတိယပိုင်း (တစ်နှစ်) တက်ရောက်ရမည် ဖြစ်ပါသည်။ ပထမပိုင်းသင်တန်းကာလမှာ ၁၉-၁-၂၀၂၆ ရက်နေ့မှ ၃၁-၈-၂၀၂၆ရက်နေ့အထိဖြစ်ပါသည်။
၂။ သင်တန်းသို့ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။
၃။ ပထမပိုင်းသင်တန်း၏ သင်တန်းချိန်မှာ အများပြည်သူအလုပ်ပိတ်ရက်များမပါ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ည ၇:၀၀ နာရီ မှ ၈:၅၀ နာရီ အထိနှင့် စနေနေ့များတွင် နေ့လယ် ၁:၀၀ နာရီ မှ ၂:၅၀ နာရီ အထိ နှင့် ညနေ ၅:၀၀ နာရီမှ ည ၈:၅၀ နာရီအထိ ဖြစ်ပါသည်။ ဒုတိယပိုင်းသင်တန်း၏ သင်တန်းချိန်မှာ ရုံးဖွင့်ရက်များတွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ စနေနေ့များတွင် နံနက် ၇:၀၀ နာရီမှ ၁၀:၅၀ နာရီအထိဖြစ်ပါသည်။
၄။ အဆိုပါသင်တန်းကို တက်ရောက်မည့် သင်တန်းသားများအနေဖြင့် စုစုပေါင်းသင်တန်း တက်ရောက်ချိန် ၆၀% ပြည့်မီအောင် တက်ရောက် သင်ကြားရမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက် ပြီး ၆၀% မပြည့်မီသည့် သင်တန်းသားများသည် နောင်ပညာသင်နှစ်တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ ရန်ကုန်) Online သင်တန်းတွင် စုစုပေါင်းသင်တန်း တက်ရောက်ချိန် ၆၀% ပြည့်မီအောင် ပြန်လည်တက်ရောက်ရန် လိုအပ်မည်ဖြစ်ပြီး သင်တန်းသား အဖြစ် မပျက်မကွက် ပြန်လည်မှတ်ပုံတင်ရမည်။ တစ်ကြိမ်တည်းဖြင့် စာမေးပွဲအောင်မြင်ခြင်း မရှိလျှင် ဖြစ်စေ၊ သင်တန်းတက်ရောက်ပြီး ၆၀% ပြည့်မီသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဖြေဆိုခဲ့ခြင်း မရှိလျှင်ဖြစ်စေ နောင်ပညာသင်နှစ်တွင် ကိုယ်တိုင်လေ့လာဖြေဆိုမည့် သင်တန်းသား အဖြစ် ပြန်လည် မှတ်ပုံတင်နိုင်သည်။
၅။ စာမေးပွဲကို Module အလိုက် ဖြေဆိုခွင့်ပြုခြင်းအား ၂၉-၉-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် - ၁၅/၂၀၂၀ ဖြင့် ထုတ်ပြန်ထားပါသည်။
၆။ သင်တန်းတက်ရောက်လိုသူများသည် ၂၃-၁၂-၂၀၂၅ ရက်နေ့ မှ ၃၁-၁၂-၂၀၂၅ ရက်နေ့အတွင်း လျှောက်လွှာကြေး ကျပ် ၁,၀၀၀၊ မှတ်ပုံတင်ကြေး ကျပ် ၈,၀၀၀၊ သင်တန်းကြေး ကျပ် ၃၀,၀၀၀ စုစုပေါင်း ကျပ် ၃၉,၀၀၀ ကို မြန်မာနိုင်ငံစာရင်းကောင်စီ၏ ငွေထုတ်စာရင်းအမှတ် MD_010605 သို့ ပေးသွင်းပြီး အောက်ပါအထောက်အထားများကို မိတ္တူမှန်ဖြစ်ကြောင်း မိမိတို့ သက်ဆိုင်ရာရုံးအကြီး အကဲ/တာဝန်ခံ၏ စိစစ်ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင် နှင့် စာရင်းစစ်သင်တန်းကျောင်းများ၊ ရန်ကုန်၏ E-mail macygn7@gmail.com သို့ပေးပို့၍ သင်တန်းသားအဖြစ် မှတ်ပုံတင်ရမည်-
(က)
ဘွဲ့လက်မှတ် သို့မဟုတ် ဘွဲ့ထောက်ခံစာ (မိတ္တူ)
(ခ)
အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)
(ဂ)
တစ်လအတွင်းရိုက်ကူးထားသည့် ၁"× ၁" အရွယ် လိုင်စင်ဓာတ်ပုံ ၂ ပုံ
(ဃ)
ဝန်ထမ်းစိစစ်ရေးကတ်ပြား (မိတ္တူ) နှင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်း တက်ရောက်ခွင့်ပြုကြောင်းထောက်ခံချက်
၇။ သင်တန်းလျှောက်ထားမှုအတွက် သင်တန်းသားလျှောက်လွှာကို နောက်ဆက်တွဲဖြင့် ဖော်ပြ ပါသည်။
၈။ အထက်အပိုဒ် (၆) ပါ အထောက်အထားများ E-mail ပေးပို့ပြီးကြောင်းကို မြန်မာနိုင်ငံစာရင်း ကောင်စီရုံး ဖုန်းနံပါတ်၊ ၀၁-၂၃၀၂၆၅၉၊ ၀၉-၆၇၃၆၇၂၅၂၅၊ ၀၉-၆၈၉၉၃၈၉၁၉၊ ၀၉-၇၉၁၃၂၀၉၂၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်သတင်းပို့ရမည်။
၉။ ဘွဲ့လက်မှတ် သို့မဟုတ် ဘွဲ့ထောက်ခံစာပါ (အမည်၊ ဖခင်အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်) များသည် နိုင်ငံသားစိစစ်ရေးကတ်ပြားပါ ဖော်ပြချက်များနှင့် ကိုက်ညီရမည်။ ဘွဲ့နှင်းသဘင်မကျင်းပရသေးသဖြင့် ဘွဲ့လက်မှတ်မရရှိသေးသူများမှအပ ကျန်လျှောက်ထားသူများ သည် ဘွဲ့လက်မှတ်မူရင်းကို မပျက်မကွက်တင်ပြရမည်။ လိုအပ်ချက်မပြည့်စုံသည့် လျှောက်လွှာများ၊ သတ်မှတ်ရက်ကျော်လွန်ပြီးမှ တင်သွင်းသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၁၀။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာနိုင်ငံစာရင်းကောင်စီရုံးဖုန်းနံပါတ်၊ ၀၁-၂၃၀၂၆၅၉၊ ၀၉-၆၇၃၆၇၂၅၂၅၊ ၀၉-၆၈၉၉၃၈၉၁၉၊ ၀၉-၇၉၁၃၂၀၉၂၄ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံစာရင်းကောင်စီ
Newspaper - 3387 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
