ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကျင်းပ
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / April 04, 2026
နေပြည်တော် ဧပြီ ၃
ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၄)၊ ကင်းဝန် အသင်း၊ ယောအသင်း၊ ဦးမေအောင်အသင်း၊ ဒေါက်တာဘဦးအသင်းတို့တွင် အသင်းလိုက်ဆုများ ရရှိသည့် သင်တန်းသား သင်တန်းသူများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များကလည်းကောင်း၊ လုပ်ငန်းဝင်သင်တန်းစံပြဆုရရှိသူ ဒေါ်မျိုးမို့မို့ဇင်ကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး ဒုတိယမြို့နယ်တရားသူကြီးများ သင်တန်းဆင်းမှတ်တမ်းလွှာများကို သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကို ပြည်ထောင်စုတရားသူကြီးချုပ်က အပ်နှင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၁) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများကို တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်နှင့်အညီ ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည့် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းသား သင်တန်းသူများက “ကျွန်တော်/ကျွန်မတို့သည် တရားသူကြီး/တရားရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်တည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်ပါမည်။ ထို့ပြင် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တရားသူကြီးများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး မှုခင်းကိစ္စများကို အဂတိတရားလေးပါးကင်းစင်စွာဖြင့် ဥပဒေနှင့်အညီ တရားမျှတ မှန်ကန်စွာစစ်ဆေးစီရင် ဆုံးဖြတ်ပါမည်ဟု လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုလျက်ကြေညာပါသည်၊” ဟု ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ ရှေ့မှောက်တွင် လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းဆင်း ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ကြသည်။ သင်တန်းကာလမှာ ဇန်နဝါရီ ၅ ရက်မှဧပြီ ၃ ရက်အထိ သုံးလကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းသား သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3490 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
