ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်


Ministry of Information/ Naypyitaw / May 10, 2025
image_latest


နေပြည်တော် မေ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်သည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်အတူ မုံရွာမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (အလုံ) သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စခန်းသွင်းသင်ကြားပို့ချနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ဘာသာရပ်များ သင်ကြားပို့ချ ပေးနေသည့် တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခ၊ ဆရာ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေး၊ စားသောက်နေထိုင်ရေး အသုံးပြုရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်း ၃၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူတို့က လက်ခံရယူသည်။ ယင်းနောက် ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ နေ့လယ်စာ ချက်ပြုတ်စားသောက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား သည်။

ဆက်လက်၍ မုံရွာမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများနှင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဒုတိယဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေး၊ စားသောက်နေထိုင်ရေး အသုံးပြုရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူတို့က လက်ခံရယူသည်။

ထို့နောက် ဆရာ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ နေ့လယ်စာ စားသောက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား အစားအစာချက်ပြုတ် ရာတွင် ကောင်းမွန်၍သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်သူ့ဥယျာဉ် စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး ပြီး ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ယာယီနေရပ်စွန့်ခွာနေသူများကို အားပေးစကားပြောကြားကာ ယာယီနေရပ်စွန့်ခွာနေသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၇၄၆ ဒသမ ၀၈ သန်းပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူသည်။

အားပေးစကားပြောကြား

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ယာယီနေရပ်စွန့်ခွာ နေသူများသို့ ထောက်ပံ့ငွေများ ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဒုတိယဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာနေသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြား သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပါမောက္ခ၊ ဆရာ ဆရာမများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စခန်းသွင်းသင်ကြားပို့ချနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စခန်းဝင်လေ့ကျင့်သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ သင်ကြားလေ့ကျင့်နိုင်ရန်အတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်တို့က ကျောင်းသား ကျောင်းသူများအား စခန်းသွင်းသင်ကြား ပို့ချပေးနေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းဖြေဆိုရမည့် ကျောင်း သား ကျောင်းသူများ ရာနှုန်းပြည့် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် တာဝန်ရှိသူများက Camp ဝင် ကျောင်းသား ကျောင်းသူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ပြီး လိုအပ်သည်များကူညီပံ့ပိုးပေးရေးတို့ကို မှာကြား သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်များနှင့် ကိုယ်ပိုင်ကျောင်းတို့မှ တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို နိုင်ရန် နိုင်ငံတော်မှ အုပ်ချုပ်ထောက်ပံ့မှုကိစ္စများအတွက် ပံ့ပိုးဆောင်ရွက်ပေးထားမှုအခြေအနေ၊ စခန်းသွင်းလေ့ကျင့်ရေးစခန်းများတွင် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လျှပ်စစ်မီး စဉ်ဆက်မပြတ်ရရှိရေး၊ အစားအစာများ ချက်ပြုတ်ရာတွင် ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်မှု ရှိစေရေး ဆောင်ရွက်ရန် ၊ Camp များတွင် လုံခြုံရေးအထူးဂရုပြုရန်နှင့် စီမံချက်ပါ အတိုင်း ဆောင်ရွက်စေရေးတို့ကို မှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3158 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download