ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 01, 2025

ရန်ကုန် မေ ၃၁
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော အေးရှားဝေါလ် ဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းများ၌ အကောက်ခွန်ကုန်ပစ္စည်း စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အေးရှားဝေါလ်ဆိပ်ကမ်း အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန် ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အရေးကြီး
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ သွင်းကုန်ပစ္စည်းများ စနစ်တကျတင်သွင်းရောက်ရှိရေးနှင့် ဆိပ်ကမ်းဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးမှာ အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေး၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းများမှ ကာကွယ်တားဆီးနိုင်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုဆိုင်ရာ အဟန့်အတား များ ဖြေရှင်းဆောင်ရွက်ပေးရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်မှာ အရေးကြီးပါကြောင်း၊ သို့ဖြစ်ရာ ပို့ကုန်တင်ပို့မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျ ဖြစ်စေရန်၊ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းမှု မရှိစေရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေးတင်ပြချက်များအား သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်အေးရှားဝေါလ်ဆိပ်ကမ်း (Container Freight Station-CFS)တွင် ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် အေးရှားဝေါလ်ဆိပ်ကမ်းရှိ X-Ray စက်ဖြင့် ကုန်သေတ္တာများ ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အေးရှားဝေါလ်ဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့ကိုလည်းကောင်း မြန်မာ့စက်မှုဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများ၊ X-Ray စက်ဖြင့် ကုန်သေတ္တာများ ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခြင်း၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3181 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။
