ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 29, 2025

နေပြည်တော် မေ ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မေ ၂၆ ရက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ရောက်ရှိပြီး ဇွန်လတွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ဆိုလာတပ်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်း၏ သန့်ရှင်းရေးကောင်းမွန်စေရန်နှင့် ရေ၊ မီး၊ မိလ္လာ သန့်ရှင်းရေးကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် တက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာရေးတို့အတွက် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ ကွန်ပျူတာစက်ခန်း၊ Projector များ လုံလောက်မှု ရှိ/မရှိ၊ စက်ခန်းများအတွင်းရှိ လျှပ်စစ်မီးသုံးစွဲမှု၊ Student Information System (SIS) ဖြင့် ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကြိုတင်စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ETRI Lab ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး Project နှင့် Intern လုပ်ဆောင်နေသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်လျှောက်ထားသူ ဆရာ ဆရာမများအား တွေ့ဆုံ၍ မိမိနိုင်ငံတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း လမ်းကြောင်းမမှားစေရန် သတိပြုလုပ်ဆောင်ကြရန်နှင့် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းဆောင်ရွက်စေလိုကြောင်း ဆုံးမဩဝါဒပြောကြားပြီး Smart Class Room သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစည်းအဝေးခန်းမတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ Academic Plan အတိုင်း ဆက်လက်ဆောင်ရွက်ရန်၊ နိုင်ငံတကာအဆင့်မီ IT ပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသအကျိုးပြု နိုင်ငံအကျိုးပြုလုပ်ငန်းများအား ဆရာ ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) သို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနှစ်ဝက်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားပြီး ဌာနများနှင့် စာသင်ခန်းများ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြို့ပြအင်ဂျင်နီယာဌာနတွင် အဆင့်မြင့်နည်းပညာများအသုံးပြုပြီး သံချောင်းများ၏ ခံနိုင်ရည်အားကို စမ်းသပ်နေမှုများအား လေ့ကျင့်ခြင်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် ဆရာ ဆရာမများက ပညာသင်နှစ်အတွက် Logo!8, S7-1200, HMI Training Kit အား ပြင်ပကုမ္ပဏီမှ ပညာရှင်များနှင့် ပူးပေါင်း၍ သင်တန်းပေးသည်ကို ကြည့်ရှုအားပေးခြင်း၊ စက်မှုအင်ဂျင်နီယာဌာနတွင် ပြင်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကုမ္ပဏီမှဝန်ထမ်းများအား နည်းပညာကျွမ်းကျင်တတ်မြောက်မှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် သင်တန်းသားများ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ အထောက်အကူပြုပါဝင်ဆောင်ရွက်နိုင်သော မျိုးဆက်သစ်နည်းပညာရှင်များ ဆက်လက်ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
သတင်းစဉ်
Newspaper - 3179 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။
