ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆိုချီမြို့၌ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံပိတ်ပွဲတက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆိုချီမြို့၌ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံပိတ်ပွဲတက်ရောက်
Ministry of Information/ Naypyitaw / June 16, 2025

နေပြည်တော် ဇွန် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့နိုဗိုတယ်ဟိုတယ်၌ ကျင်းပလျက်ရှိသော 5th International Scientific and Practical Conference “Global Biosecu-rity Challenges, Problems and Solutions” ညီလာခံ၏ ဒုတိယနေ့အစီအစဉ်များကို ဇွန် ၁၁ က ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆက်လက်တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် ဇီဝလုံခြုံမှုကဏ္ဍအတွက် နည်းပညာဆိုင်ရာ အခွင့်အလမ်းသစ်များနှင့် ထိခိုက်မှုအန္တရာယ်များ ပေါ်ထွန်းလာမှု (ဉာဏ်ရည်တုနည်းပညာနှင့် ဒြပ်ပေါင်းဇီဝဗေဒ) [New Oppor-tunities and Emerging Risks of Technology in the Context of Biosecurity: Artificial Intelligence and Synthetic Biology] ခေါင်းစဉ်ဖြင့် ရုရှားရှိ ဗိုင်းရပ်စ်ဗေဒသိပ္ပံ၊ ဇီဝအော်ဂင်း နစ်သုတေသနဌာန၊ မိုက်ခရိုအော်ဂင်းနစ် သုတေသနဌာန၊ မော်လီကျူးယန္တရား သုတေသနဌာန၊ ဓာတုနှင့် ဇီဝအန္တရာယ်များ ကာကွယ်ထိန်းချုပ်ရေး ဗဟိုသုတေသနသိပ္ပံတို့မှ ပညာရှင်များ၏ ဆွေးနွေးပွဲသို့ လည်းကောင်း ညီလာခံ၏ Session 6 အဖြစ် ကျင်းပသော BTWC ၏ Article X အရ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ရုရှား၊ တရုတ်၊ အာရှ-ပစိဖိတ်နှင့် အာဖရိကတို့ရှိ BTWC ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲကို လည်းကောင်း၊ Amphitheatre ခန်းမ၌ကျင်းပသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝလုံခြုံမှုအတွက် နည်းပညာတီထွင်ဆန်းသစ်မှုများ (Innovations for Regional and Global Biosecu-rity) ခေါင်းစဉ်ဖြင့်ကျင်းပသော Plenary Session II ကိုလည်းကောင်း တက်ရောက်ခဲ့သည်။
ဆက်လက်၍ ယင်းခန်းမ၌ ညီလာခံပိတ်ပွဲ အခမ်းအနားကို ကျင်းပရာ ညီလာခံ၏ Session ခြောက်ခုမှ ဆွေးနွေးပွဲညှိနှိုင်း ကွပ်ကဲသူခြောက်ဦးတို့က ဆွေးနွေးပွဲရလဒ်များကို အနှစ်ချုပ်ပြန်လည် ရှင်းလင်းတင်ပြကြပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Sergey Ryabkov က နိဂုံးချုပ်အမှာစကားပြော ကြားခဲ့သည်။
သတင်းစဉ်
Newspaper - 3195 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။
