ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံနန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားတက်ရောက်
ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံနန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / May 24, 2026
နေပြည်တော် မေ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဌာနက “ပိုးလမ်းမထက်က လက်ဖက်ရနံ့နှင့် အနာဂတ်စိုက်ပျိုးရေးနည်းပညာဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဌာနတာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ သုတေသနနှင့် တက္ကသိုလ်၊ သိပ္ပံများမှ ပညာရှင်များ၊ ကမ္ဘော ဒီးယား၊လာအို၊မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာနိုင်ငံနှင့် FAO တို့မှ ကိုယ်စားလှယ်များ၊ လက်ဖက်ပညာရှင်များနှင့် လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားသည်။
ယင်းနောက် Liyuan international Conference Center ၌ ခင်းကျင်းပြသထားသည့် ဒေသအသီးသီးမှ လက်ဖက်ခြောက် မျိုးစုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီးနန်နင်းမြို့မှ ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးသည့် ဟန်ကျိုးမြို့တော် National Modern Agricultural Industrial Park ၌ တည်ရှိသော စံပယ်ပန်းရနံ့ လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် စံပယ်ပန်းစိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။
မေ ၂၁ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်-အာဆီယံ သိပ္ပံဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်း စင်တာသို့ သွားရောက်၍ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍအသီးသီး၌ သိပ္ပံဉာဏ်ရည်တုကို အသုံးချနိုင်ရန် တီထွင်စမ်းသပ်မှုများ၊ တရုတ်နှင့် အာဆီယံဒေသများအကြား သတင်းအချက်အလက်များကို လုံခြုံစွာစီးဆင်းနိုင်စေရန် စီမံဆောင်ရွက်ထားရှိမှုများကို လေ့လာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင်လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3535 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
