ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရွှေတိဂုံဘုရား ဗုဒ္ဓပြတိုက်နှင့် ဗိုလ်တထောင်ဘုရားပြတိုက် ခင်းကျင်းထားရှိမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရွှေတိဂုံဘုရား ဗုဒ္ဓပြတိုက်နှင့် ဗိုလ်တထောင်ဘုရားပြတိုက် ခင်းကျင်းထားရှိမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 29, 2025

ရန်ကုန် မေ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံဘုရားဗုဒ္ဓပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ပြည်သူလူထုအကြားပြတိုက်ကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားလာအောင် ခေတ်နှင့်အညီ ခင်းကျင်းမှုပုံစံများဖြင့် ခင်းကျင်းရမည်ဖြစ်ကြောင်း၊ တန်ဖိုးကြီးလှသည့် ရှေးဟောင်းပစ္စည်းလက်ရာများကို ခင်းကျင်းပြသရာတွင် ကြည့်ရှုသူများ မြင်သာပြီး သမိုင်းတန်ဖိုးများသိရှိအောင် ကြည်ရှုသူများအားပေးလိုသည့် အချက်အလက်များကို ရှင်းရှင်းလင်းလင်းသိရှိစေရန်၊ Caption များ၊ Lable များ ပြည့်စုံစွာရေးထိုးထားကြစေလိုကြောင်း၊ ခေတ်အလိုက် တူရာမျိုးစုအလိုက်၊ ပစ္စည်းအမျိုးအစားအလိုက် စုစည်းပြသထားရမည်ဖြစ်ကြောင်း၊ ပစ္စည်းများ ရေရှည်တည်တံ့အောင်၊ လေဝင်လေထွက်ကောင်းအောင်၊ ရေငွေ့ထိန်းသိမ်းနိုင်အောင် လေအေးပေးစက်များ တပ်ဆင်ပြီး ထိန်းသိမ်းထားကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပြတိုက်ပညာရှင်များက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဗိုလ်တထောင်ဘုရားဆံတော်တိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြတိုက်တွင် ပစ္စည်းများ ငလျင်ဒဏ်ခံနိုင်ရန် စနစ်တကျခင်းကျင်းပြသထားရေး၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးနှင့် Digital Museum အဖြစ် အဆင့်မြှင့်တင်ရေးလိုအပ်သည်များ အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3179 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။
