ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / May 29, 2025

ရန်ကုန် မေ ၂၈
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ပြောကြား
ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အားကစားနည်း ၄၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရေအတွက်များကို ယနေ့အတည်ပြုပြီး မေ၂၉ ရက်တွင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပေးပို့ရမည်ဖြစ်၍ နောက်ပိုင်းတွင် အတိုး/အလျှော့အပြောင်းအလဲများ ပြုလုပ်ရန်ခက်ခဲမည်ဖြစ်ကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ အရေအတွက်နှင့် ပြိုင်ပွဲတွင်ဆုရရှိနိုင်မှုအခြေအနေများကို တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအရေအတွက် မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများ ဆက်လက်စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ၊ အားကစားလေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ သယ်ယူနိုင်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးရုံနှင့်လေ့ကျင့်ရေးကွင်း အဆင်ပြေစေရေးကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်သူများက တင်ပြဆွေးနွေးမှုများအပေါ် ထပ်မံဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ယနေ့ပွဲစဉ်များအဖြစ် မီတာ ၅၀၀ ပြိုင်ပွဲတွင် အမျိုးသား (၁၀) တက် လှေပြိုင်ပွဲ၊ အမျိုးသမီး (၁၀) တက်လှေပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၁၀) တက် လှေပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး (၂၀) တက် လှေပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3179 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။
