ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ချောင်းမငယ်နှင့် မဒန်းဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေအခြားသီးနှံ မြောင်းအဖျားပိုင်း ဧရိယာများအထိ စိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ချောင်းမငယ်နှင့် မဒန်းဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေအခြားသီးနှံ မြောင်းအဖျားပိုင်း ဧရိယာများအထိ စိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 22, 2026
နေပြည်တော် မတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးမြို့နယ်ရှိ သီးနှံစိုက်ဧကများ ပိုမိုတိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် ချောင်းမငယ်နှင့် မဒန်းဆည်ရေသောက်စနစ်အတွင်း မြောင်းအဖျားပိုင်းဧရိယာများအထိ နွေစပါးနှင့် နွေအခြားသီးနှံစိုက်ပျိုးရေလုံလောက်စွာ ပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ချောင်းမငယ်ဆည်ရေသောက်စနစ် (ဆင်အုံကန်အောက်ပိုင်း) တူးမြောင်းမကြီး ပေတိုင်- ၅၃၃၅ နေရာနှင့် လက်တံမြောင်း အမှတ် (၁၁)၊ ပေတိုင် ၁၆၀၀၀ မှ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် စနစ်ကျလယ်ယာမြေ ဧက ၁၂၁ သို့ ရောက်ရှိရာ တာဝန်ရှိသူများက ချောင်းမငယ်ရေလှောင်တမံမှ လက်ရှိရေသိုလှောင်ထားရှိမှုအခြေအနေနှင့် အသုံးပြုနိုင်မှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် နွေအခြားသီးနှံစိုက်ပျိုးရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နွေစပါးနှင့် နွေအခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းသည်အထိ အောင်ရေကို စနစ်တကျပေးဝေသွားရန်၊ စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့်အနည်းဆုံး ဖြစ်ရန်နှင့်ရေပေးရာသီတစ်လျှောက် မြောင်းများ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေးကို အမြဲမပြတ် စစ်ဆေးပြုပြင်ထိန်းသိမ်းသွားကြရန် မှာကြားသည်။
ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေကို စနစ်တကျအကျိုးရှိစွာ သုံးစွဲကြရန်၊ အထွက်နှုန်းကောင်း၍ သက်တမ်းတိုသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးကြရန်၊ ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းမှာ မြေဆီလွှာပျက်စီးစေနိုင်သဖြင့် သဘာဝမြေဩဇာများကို မျှတစွာသုံးစွဲရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကများပြည့်မီ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုကြောင်း ဆွေးနွေးမှာကြားပြီး နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ချောင်းမငယ် ဆည်ရေသောက်ဧရိယာအတွင်း နွေစပါးနှင့် နွေအခြားသီးနှံများ အချိန်မီစိုက်ပျိုး နိုင်ရန်အတွက် စိုက်ပျိုးရေကို မတ် ၁ ရက်မှစတင်၍ ပေးဝေလျက်ရှိပြီး ချောင်းမငယ်ဆည်ရေသောက်အနေဖြင့် နွေစပါး ဧက ၅၀၀၀ နှင့် နွေအခြားသီးနှံ ဧက ၁၀၀၀ စုစုပေါင်း ဧက ၆၀၀၀ ကို စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မဒန်းဆည်ရေသောက်စနစ် လက်ယာမြောင်းတစ်မြောင်း အဖျားပိုင်းအထိ နွေစပါးနှင့် နွေအခြားသီးနှံစိုက်ပျိုးရေပေးဝေနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေကို စနစ်တကျ အကျိုးရှိစွာသုံးစွဲကြရန်၊ သတ်မှတ်ထားသည့် ရေပေးဝေမှုအစီအမံများအတိုင်း မြောင်းအဖျားပိုင်း လယ်ကွက်များအထိ စိုက်ပျိုးရေညီတူညီမျှရရှိရေးအတွက် တောင်သူများအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်၊ နွေစပါးနှင့် နွေအခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်စေရေးနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအပေါ် ညှိနှိုင်းစီမံပေးသည်။
အဆိုပါမဒန်းဆည်ရေသောက်စနစ်အတွင်း နွေစပါး ၂၁၁၅ ဧကနှင့် နွေအခြားသီးနှံ ၁၆၁ ဧက စုစုပေါင်းဧက ၂၂၇၆ ဧကအား အချိန်မီစိုက်ပျိုးနိုင်ရန် မဒန်းရေလွှဲဆည်ရေပေးတူးမြောင်းမကြီးမှ ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3477 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
