ဒုတိယဝန်ကြီး ဦးအေးကျော် ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ ရတနာပုံပင်မဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအေးကျော် ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ ရတနာပုံပင်မဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / August 11, 2025

နေပြည်တော် ဩဂုတ် ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီရတနာပုံပင်မ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ Control Room ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ကာ ခွဲရုံဝင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ ရတနာပုံပင်မဓာတ်အားခွဲရုံတို့၏ ဓာတ်အားပို့လွှတ်ပေးနေမှုနှင့် Control Room အတွင်း ဓာတ်အားထိန်းချုပ်ပို့လွှတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံတမံရှုရပ်မှနေ၍ တမံအတွင်း ရေဝင်ရောက်မှု၊ တမံ၏ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ စက်အရန်ပစ္စည်းများ ဖြည့်ဆည်းထားရှိရေးမှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဓာတ်အားပေးစက်ရုံ Switch Yard ၊ ဓာတ်အား ပေးစက်ရုံ Control Room နှင့် တမံတာပေါင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ Control Room အတွင်း ဓာတ်အားထိန်းချုပ်ပို့လွှတ်နေမှုနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3251 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။
