ဒုတိယသမ္မတ ဦးညိုစော နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / May 06, 2026
image_latest


နေပြည်တော် မေ ၅

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC – I)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင် အရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဦးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့သည် တိုင်းရင်းသားမိဘ ပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အသွယ်သွယ်မှ ခေတ်အဆက်ဆက် ကာကွယ်​စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာဖြင့် ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ နေ့ထူးနေ့မြတ် အခါသမယဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်တိုင်းတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကာကွယ်ရေးသာမက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ သက်စွန့်ကြိုးပမ်း အစွမ်းကုန်အားထုတ်ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။

မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး မီးသတ်လုပ်ငန်းတာဝန်ဆိုသည်မှာ အချိန် နှင့်တစ်ပြေးညီ အရေးပေါ်ချက်ချင်း တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ယနေ့ ခေတ် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေးလုပ်ငန်းတစ်ခု တည်းသာမက ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းနှင့် အ ရေးပေါ်ဆေးအကာအကွယ်ပေး ခြင်းလုပ်ငန်းစသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မီးသတ် တပ်ဖွဲ့က ဆောင်ရွက်ရသည့် လုပ်ငန်းများသည် မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နေရုံမျှနှင့် ပြီးပြည့်စုံသည်မရှိဘဲ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ ပိုမိုခိုင်မာအားကောင်းနိုင်မည် ဖြစ် ကြောင်း။

သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သဘာဝဘေးကျရောက်သည့် ဒေသများတွင် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ တွေ့ကြုံခဲ့ရသည့် ဘေးအန္တရာယ်တိုင်းတွင် ထိရောက်လျင်မြန်စွာ အကောင်းဆုံး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မန္တလေး ငလျင်ဖြစ်စဉ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံတကာနည်းတူ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search Rescue) Medium Team အဆင့် အဖွဲ့ (၂)ဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်က ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မား စေရေးစဉ်ဆက်မပြတ် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာစွမ်းရည် ပြိုင်ပွဲများ၌ မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ခြင်း အပေါ်၌လည်း များစွာကျေနပ်အားရမိပါကြောင်းနှင့် ထိုကဲ့သို့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။

အနာဂတ်မီးသတ်တပ်ဖွဲ့သည် ပိုမိုခိုင်မာအားကောင်းသည့် ဖွဲ့စည်းပုံ၊ ပိုမိုမြင့်မားသည့် စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင် အားလုံးသည် စည်းကမ်းတကျနှင့် လေ့ကျင့်မှုမပျက်စေဘဲ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် တာဝန်သိစိတ် မြင့်မားစွာ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင် ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူအားကိုးရသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြရန် လို ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက “မီးသတိပြု” ဂန္ထဝင်တေးသီချင်းသီဆိုသူ နိုင်ငံကျော် တေးသံရှင်ဦးထွန်းရွှေ၊ မီးသတ်လုပ်ငန်းများတွင် အသက် ၉၀ နှစ် နှင့်အထက်သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ဝန်ထမ်းဟောင်းများ ဖြစ်ကြသည့် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းကြည်နှင့် ဦးသောင်းမြင့်၊ အရန်ဒုတိယတပ်ရင်းမှူး(ငြိမ်း) ဦးချစ်လှိုင်နှင့် ဒုတိယမီးသတ် ဦးစီးမှူး(ငြိမ်း) ဦးတင်ညွန့်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးညိုစောထံသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂါရဝပြုအမှတ်တရလက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလတံဆိပ်ရရှိကြသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယသမ္မတ ဦးညိုစောသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ မှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်း သမိုင်းဝင် မီးသတ်ပစ္စည်းများ ကိရိယာပြခန်းများ၊ အဆင့်မြင့်အရေးပေါ်တုံ့ပြန်မှု ဆက်သွယ်ရေး စနစ်များ၊ ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာ ပြခန်းများနှင့် ခန်းမအရှေ့တွင် ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် မီးသတ်ယာဉ်များ၊ စက်များနှင့် ရှာဖွေရေးခွေး (Search Dog) သရုပ်ပြမှုတို့အား လိုက်လံကြည့်ရှုအားပေးကြသည်။

သတင်းစဉ်

Newspaper - 3517 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download