ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဒေသခံပြည်သူအားဖြင့် ပူးပေါင်းဆောင်ရွက်
ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဒေသခံပြည်သူအားဖြင့် ပူးပေါင်းဆောင်ရွက်
Ministry of Information/ Naypyitaw / February 13, 2026
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် သာမန်ဆန္ဒပြမှုမှ စတင်ကာ သွေးထိုးလှုံ့ဆော်မှုများကြောင့် ထိပ်တိုက်ရင်ဆိုင်မှု၊ ဆူပူသောင်းကျန်းမှုနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများအထိ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲခဲ့ပြီး ပြည်တွင်းဒေသအများအပြား၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာပြီး တစ်နယ်တစ်မင်း နယ်စားပယ်စားများသဖွယ် မင်းမူခဲ့ကြခြင်းနှင့်အတူ ဒေသတည်ငြိမ်အေးချမ်းမှုများ ဆိတ်သုဉ်းခဲ့သည်။
ဥပဒေမဲ့ ကြုံသလိုဖွဲ့စည်းထားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှာ ၎င်းတို့အချင်းချင်းကြား နယ်မြေလုမှုများ၊ ရာထူးအာဏာလုမှုများ၊ အထက်အောက် ဖိနှိပ်မှုများနှင့် ဥပဒေမဲ့သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ဒေသခံပြည်သူလူထုအပေါ် အနိုင်အထက်ပြုမှုစသည်တို့ ကျူးလွန်မှုများ အများအပြားရှိနေကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် တွေ့ရှိနေရသည်။ ထို့အပြင် ၎င်းလက်နက်ကိုင်အဖွဲ့များမှာ လမ်းတံတားအခကြေးငွေများ၊ ကုန်စည်သယ်ယူပို့ဆောင်မှုအပေါ် အဖိုးအခကောက်ယူမှုများ မတန်တဆပြုလုပ်ခြင်းဖြင့် ကိုယ်ကျိုးစီးပွားရှာခဲ့ကြသလို ရေနံတူး ခြင်း၊ သစ်ခုတ်ခြင်း၊ ရွှေမျောလုပ်ခြင်း၊ ကျောက်မျက်တူးဖော်ခြင်းစသည်တို့ကိုလည်း ဥပဒေမဲ့၊ စည်းကမ်းမဲ့ပြုလုပ်ခဲ့ကြရာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် ၎င်းတို့စိုးမိုးရာနယ်မြေများတွင် ၎င်းတို့၏အဖျက်လုပ်ရပ်များကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးရပြီး ဒေသခံပြည်လူထု၏ လူနေမှုနှင့် နေ့စဉ်လူမှုစီးပွားဘဝများပါ ထိခိုက်နစ်နာမှုများ ခံစားကြရသည်။ အထူးသဖြင့် အခြေခံပညာကျောင်းများ ပိတ်ထားရခြင်းကြောင့် ဒေသတွင်းနေထိုင်ကြသည့် ကျောင်းနေ အရွယ်ကလေးများ၏ အခွင့်အရေးများ ဆုံးရှုံးကြရသည်။
“ဒေသအလိုက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်နေထိုင်သည့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုမရှိသည့်ဒေသများတွင် လက်နက် ကိုင်၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းများ၊ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတပစ္စည်းများကို တရားမဝင်ထုတ်ယူခြင်းများဖြင့် အဓမ္မကိုယ်ကျိုးစီးပွားရှာခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများစိုးမိုးသည့် ဒေသများမှာ တည်ငြိမ်မှုကင်းမဲ့ရုံမျှသာမက မူးယစ်ဆေးဝါး အကြီးအကျယ်ထုတ်လုပ်ရာ၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ အကြီးအကျယ်ပြုလုပ်ရာ ဒေသများလည်းဖြစ်နေသည်။ ယင်းလုပ်ငန်းများနှင့်ဆက်စပ်ပြီး လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လူသတ်မှု၊ လူ့အင်္ဂါအစိတ်အပိုင်း ထုတ်ယူရောင်းချမှုကဲ့သို့သော ရာဇဝတ်မှုကြီးများ ကျူးလွန်မှုများရှိ ကြောင်းလည်း ကြားသိရသည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှာ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းများ ချမ်းသာကြွယ်ဝရေးနှင့် ၎င်းတို့အဖွဲ့များ ရပ်တည်ရှင်သန်ရေး၊ လက်နက်ခဲယမ်းတပ်ဆင်နိုင်ရေးတို့အတွက် အဆိုပါအလုပ်များတွင် ပူးပေါင်းပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်ရာ ဒေသအလိုက်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အတွက် အကြမ်းဖက်အဖျက်သမားများကို တိုက်ဖျက်ရှင်းလင်းနှိမ်နင်းရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်မှစ၍ ပြီးခဲ့သည့် ကာလတစ်လျှောက်လုံးတွင် မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းသည့်ဒေသများမှာ အများစုဖြစ်ရာ ၎င်းဒေသများတွင် အရာရာတိုင်းသည် ပုံမှန်အတိုင်းသာဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များအားလုံး စာသင်မပျက် ကျောင်းသူ ကျောင်းသားများ တစ်နှစ်တစ်တန်းတက်နိုင်ခဲ့ကြသည်။ ဒေသအလိုက်ပွဲတော်များ အစဉ်အလာမပျက် ကျင်းပခဲ့ကြသလို ခရီးသွားဒေသများ၊ ကမ်းခြေ အပန်းဖြေနေရာများ ပုံမှန်စည်ကားခဲ့ကြသည်။ မြို့ကြီးပြကြီးများတွင် ဈေးဝယ်စင်တာများ၊ ရှော့ပင်းမောများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ စည်ကားခဲ့သလို ဒေသတွင်းရှိ ပြည်သူများမှာလည်း မိမိတို့၏အလုပ်အကိုင်စီးပွားရှာဖွေဆောင်ရွက်မှုများ ကြောင့်ကြမဲ့စွာ လုပ်ကိုင်နိုင်ခဲ့ကြသည်။ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု၏အကျိုးကို လူတိုင်းခံစားနိုင်ခဲ့ကြသည်။ သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းလုံးတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဒေသတွင်းရှိ ပြည်သူများကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3440 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
