ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါးလိမ်းခြယ်မှုဓလေ့
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါးလိမ်းခြယ်မှုဓလေ့
Ministry of Information/ Naypyitaw / April 28, 2025
ယဉ်ကျေးမှုဟူသည် နိုင်ငံနှင့်လူမျိုးတို့၏ ဝိသေသလက္ခဏာ ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာများ လွန်စွာတိုးတက်ထွန်းကား လာသည့် ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းကူးသန်းသွားလာမှု များပြားလာသကဲ့သို့ လူထုဆက်သွယ်ရေးနည်းပညာကြောင့်လည်း တံခါးမရှိဓားမရှိ အချိန်အခါမရွေး တစ်ကမ္ဘာလုံးကို အပြန်အလှန်ဆက်သွယ်နိုင်သည့်အလျောက် ယဉ်ကျေးမှုများလည်း ရောထွေးယှက်နွှယ်လျက်ရှိသည်။ ယင်းသို့သော အခြေအနေတွင် နိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို ပိုမိုမြင့်မားအောင် မြှင့်တင်ခြင်းတို့ ဆောင်ရွက် လျက်ရှိကြသည်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့- ယူနက်စကိုသည် ကမ္ဘာတစ်ဝန်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာတွင် မျက်စိနှင့် မြင်တွေ့နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage) ဟူ၍လည်းကောင်း၊ မျက်စိနှင့်မမြင်နိုင်ဘဲ လူသားတို့၏ ရင်တွင်းနှလုံးသားတွင်း ထင်ကျန်မှတ်ယူ၍ ဆောင်ရွက်နေသည့် ယဉ်ကျေးမှုအမွေ အနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) ဟူ၍လည်းကောင်း သတ်မှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤတွင် ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှုများ၊ အနုပညာ၊ အတတ်ပညာ၊ ရိုးရာဓလေ့များ စသည်တို့ပါဝင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားရတော့မည့်အန္တရာယ်နှင့် တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်လာရသည်။
သို့ဖြစ်ရာ ယူနက်စကိုသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ လေးစားတန်ဖိုးထားတတ်စေရန်၊ အဖွဲ့အစည်းများ/ အုပ်စုများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လေးစားတန်ဖိုး ထားရန်၊ ဒေသတွင်း/ နိုင်ငံတော်နှင့် နိုင်ငံတကာတို့အတွင်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အရေးပါမှုအား အသိပညာပေးမြှင့်တင်ရန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့ကူညီပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် “၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်”ကို (၃၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေအစည်းအဝေးတွင် ကြေညာခဲ့သည်။ အဆိုပါ စာချုပ်အရကမ္ဘာတစ်ဝန်းရှိယဉ်ကျေးမှုများကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းကြရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ပထမဆုံးပါဝင်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ထူးခြားစည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ကြိုတင်စီမံဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မတ် ၂၈ ရက်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသများ၌ ပျက်စီးဆုံးရှုံးမှုပမာဏကြီးမားစွာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စာနာထောက်ထားသောအားဖြင့် မဟာသင်္ကြန်ပွဲတော်ကို အပျော်အပါး၊ သီဆိုတီးမှုတ် ကခုန်မှုများမပြုတော့ဘဲ ယဉ်ကျေး သိမ်မွေ့သည့်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်သာ ကျင်းပခဲ့သည်။ အေးသင်္ကြန်အဖြစ် ကျင်းပခဲ့သည့် သင်္ကြန်တွင် ထူးခြားသည်မှာ သနပ်ခါးပါးတို့ လိမ်းခြယ်ပေးသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတစ်ခု ယဉ်ကျေးသိမ်မွေ့စွာ ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း နှစ်သက်ကြောင်း၊ ချီးကျူးဂုဏ်ပြုကြောင်း မှတ်ချက်များ ရေးသားခဲ့ကြသည်ကို တွေ့ရသည်။
ယခုအခါ မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်အဖြစ်ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးသည် မိမိတို့အားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း။ ။
Newspaper - 3521 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
