နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်သည် မရှိမဖြစ်လိုအပ်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်သည် မရှိမဖြစ်လိုအပ်
Ministry of Information/ Naypyitaw / January 09, 2026
နေပြည်တော် ဇန်နဝါရီ ၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော်ရှိ တက္ကသိုလ်များနယ်မြေ (ရေဆင်း)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် မတူညီသော သဘာဝသစ်တောသစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် သစ်တောမျိုးစုံ ရှင်သန်ပေါက်ရောက်နေပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့်စီးပွားရေးတို့တွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသည့်အတွက် ရေရှည်တည်တံ့အောင်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသောဆောင်ပုဒ် ၃ ခုတွင်လည်း “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် အချက်ကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအား အထူးအလေးအနက်ထားမှုကို မီးမောင်းထိုးဖော်ပြထားပါကြောင်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သည်အဆိုပါကဏ္ဍအတွက် လိုအပ်သောပညာရှင်များအား နှစ်စဉ်မွေးထုတ်ပေးနေသည့် တက္ကသိုလ်တစ်ခုလည်းဖြစ်ကြောင်း။
သစ်တောပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ တက္ကသိုလ်အဆင့် သစ်တောပညာသင်ကြားမှုကို ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အစဉ်အလာကြီးမားခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူးရန် ရောက်ရှိလာသော မောင်တို့မယ်တို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိအောင် ကြိုးစားအားထုတ်စေလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်သည် မရှိမဖြစ်လိုအပ်ကြောင်း၊ အလားတူ လူတစ်ဦးချင်း တိုးတက်အောင်မြင်ရန်နှင့် လူ့အဖွဲ့အစည်းတိုးတက်အောင်မြင်ရန်အတွက် စည်ကမ်းသည် အခြေခံတစ်ခုဖြစ်သည်နှင့်အညီ မောင်တို့မယ်တို့အနေဖြင့်လည်း စည်ကမ်းကောင်းမွန်ပြီး ထူးချွန်သည့်ကျောင်းသား ကျောင်းသူများဖြစ်အောင် ကျင့်ကြံကြိုးစားသွားရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားပြီး မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများကိုယ်စား ပထမနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအစီအစဉ်အား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပထမနှစ်မှ ပဉ္စမနှစ်အထိ ပညာရည်ထူးချွန် ပထမဆုရ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဒုတိယဆုနှင့် တတိယဆုရ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း ထူးချွန်ဆုများချီးမြှင့်ပေးအပ်ပြီး ကျောင်းသား ကျောင်းသူများ၏ အဆို၊ အက၊ တေးသရုပ်ဖော်တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3406 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
