နိုင်ငံတစ်ဝန်း၌ အသက်ဝင်လုပ်ကိုင်လျက်ရှိသည့် မြေဩဇာမှတ်ပုံတင် ၇၃၄၂ စောင်ရှိ
နိုင်ငံတစ်ဝန်း၌ အသက်ဝင်လုပ်ကိုင်လျက်ရှိသည့် မြေဩဇာမှတ်ပုံတင် ၇၃၄၂ စောင်ရှိ
Ministry of Information/ Naypyitaw / March 21, 2025
နေပြည်တော် မတ် ၂၀
မြေဩဇာကော်မတီ၏ (၄၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီသောမြေဩဇာများ သုံးစွဲနိုင်ကြစေရန်နှင့် မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိသည့် မြေဩဇာကော်မတီအနေဖြင့် မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် မြေဩဇာမှတ်ပုံတင်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ (၄၃) ကြိမ်မြောက် မြေဩဇာကော်မတီအစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင် ၁၂၂၉၇ စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု ၂၀၈၈ စောင်နှင့် သက်တမ်းကျော်လွန်သည့် ဖျက်သိမ်းခဲ့သော မြေဩဇာမှတ်ပုံတင် ၂၈၆၇ စောင် ရှိသဖြင့် ယနေ့အထိ နိုင်ငံတစ်ဝန်း၌ အသက်ဝင်လုပ်ကိုင်လျက်ရှိသည့် မြေဩဇာမှတ်ပုံတင် ၇၃၄၂ စောင် ရှိကြောင်း သိရသည်။
မြေဩဇာများကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်မှုရှိစေရန် တိုင်းဒေသကြီး/ပြည်နယ် စစ်ဆေးရေးအဖွဲ့များ၏ ပုံမှန်စစ်ဆေးခြင်းလုပ်ငန်းအပြင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် မြေဩဇာများကို နမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းများအတွက် ဖြန့်ဖြူးသော မြေဩဇာများကို ကြိုတင်ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ရေးနှင့် မြေဆီလွှာကျန်းမာရေးကောင်းမွန်စေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုရှိသည့် စိုက်ပျိုးမြေဧရိယာများတွင် သွင်းအားစုဖြင့် အချိန်မီပြန်လည်ကုစားရေးလုပ်ငန်းများဖြစ်သည့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ တွဲဖက်အသုံးပြုခြင်းအပြင် မြေနမူနာဓာတ်ခွဲစစ်ဆေးချက်အပေါ်မူတည်၍ သီးနှံအလိုက် ထည့်သွင်းရမည့် မြေဩဇာထောက်ခံနှုန်းထားများပေးခြင်း၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းရေးအတွက် တောင်သူနည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးပညာရှင် ကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3474 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
