နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်
နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်
Ministry of Information/ Naypyitaw / December 13, 2025
နေပြည်တော် ဒီဇင်ဘာ ၁၂
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ်၌ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် ယခုကျင်းပပြုလုပ်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ Nation Building တွင် လူငယ်များကို ပါဝင်စေလိုကြောင်း၊ လူငယ်များအား ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးလိုကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် လူငယ်များဖြစ်ကြောင်း၊ ကျောင်းနေအရွယ် လူငယ်များကိုစုစည်း၍ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းကော်မတီဖွဲ့စည်းမည့် ကိစ္စများကိုလည်း အကြံပြုဆွေးနွေးဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ယခုကျင်းပပြုလုပ်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်မှ နိုင်ငံတည်ဆောက်ရေးတွင် အရေးပါသည့် လူငယ်များ၏ အခန်းကဏ္ဍကို ငြိမ်းချမ်းရေးနှင့်ချိတ်ဆက်၍ ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလ နိုင်ငံတည်ငြိမ်ရေး၌ လူငယ်များအနေဖြင့် တစ်ဖက်တစ်လမ်းက အထောက်အကူပြု ပူးပေါင်းပါဝင်လာစေရန်အတွက် လမ်းကြောင်းများ ဖော်ထုတ်ပေးရန်လိုအပ်ကြောင်းနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးလုပ်ငန်းကိစ္စရပ်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက လုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး ဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်များ၊ နေရာဒေသနှင့် လူမှုစီးပွားနောက်ခံအမျိုးမျိုးမှ လူငယ်များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသောအနာဂတ်ကို ပုံဖော်ရာတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍမှပါဝင်လာစေရန် လွန်စွာပင်အရေးကြီး သည့်အတွက် Youth Peace Forum 2026 ဆွေးနွေးပွဲကို မတူညီသော နောက်ခံအကြောင်းအရာနှင့် အလွှာအသီးသီးမှ လူငယ်များအတွက် ၎င်းတို့၏ အမြင်များကို မျှဝေရန်၊ အပြန်အလှန် ယုံကြည်မှုခိုင်မြဲရန်၊ လူမှုသဟဇာတမြှင့်တင်ခြင်းတွင် ၎င်းတို့၏ အခန်းကဏ္ဍကိုရှာဖွေရန်နှင့် ဘက်ညီသော အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
