နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များမှာကြား၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်


Ministry of Information/ Naypyitaw / September 18, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ထောက်ပံ့ရေးပစ္စည်းများပေးအပ်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ မမျှော်မှန်းနိုင်သော ရုတ်တရက်ဖြစ်ပေါ်လာသည့် သဘာဝဘေးဒဏ်ကိုကြုံတွေ့ခဲ့ရသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများဖြစ်ပေါ်မည်ဟု ကြိုတင်သတိပေးချက်များရှိခဲ့သော်လည်း ယခုအတိုင်းအတာအထိ မိုးသည်းထန်စွာရွာသွန်းမည်ဟု မှန်းဆမှုမရှိခဲ့ကြကြောင်း၊ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့်စီးဆင်းခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် တောင်ပြို၊ မြေပြိမှုများဖြစ်ပေါ်ခဲ့သကဲ့သို့ တရားဝင်ခွင့်ပြုပေးထားသည့် သစ်ကွင်းများမှ သယ်ယူနိုင်ခြင်းမရှိသေးသည့် သစ်လုံးကြီးများ၊ သစ်လုံးကြီးများထုတ်ယူရာတွင် ဖြတ်တောက်ထားသည့် ဖြတ်စများသည်လည်း တောင်ကျရေစီးကြောင်းများနှင့်အတူ မျောပါတိုက်စားခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားခဲ့ရခြင်းဖြစ်ကြောင်း၊ ထိခိုက် ပျက်စီးဆုံးရှုံးမှုများအတွက် လိုအပ်သည့်ထောက်ပံ့မှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

တာဝန်ရှိသူများအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများနှင့် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများ ရှင်းလင်းခြင်းကို ဦးစွာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သွားလာရေးကိစ္စပြီးပါက ဒုတိယဦးစားပေးအနေဖြင့် ရေ၊ မီး များရရှိရေးကို ဆောင်ရွက်ပေးသွားရန်လိုပြီး ထိုမှတစ်ဆင့် အခြားပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မိသားစုဝင်များ၏ နေရေး၊ စားရေး အဆင်ပြေစေရေးအတွက်လည်း စီမံပေးရမည်ဖြစ်ပြီး အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာချိန်တွင် ရေလမ်းကြောင်းနှင့် မလွတ်ကင်းနိုင်သည့် အဆောက်အဦများကို စနစ်တကျသုတေသနပြုလုပ်၍ ရွှေ့ပြောင်းဆောက်လုပ်ခြင်းများဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် စစ်သည်၊ မိသားစုများ၏ ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရမှုများ၊ အခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ရာ စစ်သည်၊ မိသားစုများက လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နယ်မြေခံတပ်ဌာနချုပ်ဆေးခန်း၌ ဆေးကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်သည်။

ထို့နောက် တောင်ကျချောင်းရေများ အလုံးအရင်းဖြင့် စီးဆင်းခဲ့မှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် မုန်ချောင်းကူးကွန်ကရစ်တံတားပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေစီးကြောင်းနှင့်အတူ သစ်ပင်သစ်လုံးကြီးများ၊ ကျောက်တုံးများမျောပါခဲ့ပြီး အရှိန်အဟုန်ဖြင့်ရိုက်ခတ်ခဲ့မှုကြောင့် တံတားပျက်စီးခဲ့မှုများကို တင်ပြကြသည်။ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းများအတွင်း တောင်ကျချောင်းရေဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ရေများပြန်လည်ကျဆင်းသွားသည့်အချိန်တွင် နုန်းတင်ကျန်ခဲ့သည့် အထက်တန်းကျောင်း၌ နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမများက ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့အခြေအနေများနှင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားပေးနိုင်ရေးအတွက် လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လမ်း၊ တံတားနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3181 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download