နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ၂၀၂၅ ခုနှစ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


Ministry of Information/ Naypyitaw / March 20, 2025
image_latest


မော်လမြိုင် မတ် ၁၉

၂၀၂၅ ခုနှစ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် မော်လမြိုင်မြို့ သမိန်ဗရမ်း (ဘက်စုံသုံးကွင်း) ၌ကျင်းပသည့် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ခွန်သန့် ဇော်ထူး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အလေးပြု

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

သဝဏ်လွှာဖတ်ကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၅ ခုနှစ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖတ်ကြားသည်။

ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၅၁) နှစ်မြောက် မွန်ပြည်နယ် နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည့် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုစကားပြောကြားသည်။

ဆုများပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ကောင်စီအဖွဲ့ဝင်များက ပြည်နယ်ဂုဏ်ထူးဆောင် ထူးချွန်ဆုများဖြစ်ကြသည့် စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ စက်မှုလက်မှုထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ စီမံခန့်ခွဲရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ ဝန်ဆောင်မှုထူးချွန်မှုဂုဏ်ထူးဆောင်ဆုနှင့် လူမှုရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူက မွန်ပြည်နယ်အတွင်း မြေယာအသုံးချမှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ပြည်နယ်အတွင်း အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် အောင်နိုင်တိုး စပါးမျိုးသစ်စိုက်ပျိုးထုတ်လုပ်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ ဧက ၁၀၀ စံပြစိုက်ခင်း၌ အောင်နိုင်တိုးစပါးမျိုးသစ်များ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ကျောက်တန်းစက်ရုံစုနယ်မြေရှိ M Rubber စက်ရုံသို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ရော်ဘာကုန်ကြမ်းများရရှိမှုနှင့် စနစ်တကျသိုလှောင်ထားရှိမှု၊ ရော်ဘာအဆင့်ဆင့် ထုတ်လုပ်ဆောင်ရွက်နေမှု၊ စက်ရုံအတွက် လိုအပ်သည့် ရေနှင့် လျှပ်စစ်မီးရရှိမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်အဖွဲ့ဝင်များသည် စက်ရုံဝင်းအတွင်း ရော်ဘာကုန်ကြမ်းများအား စက်ယန္တရားများအသုံးပြု၍ အရည်အသွေးမြင့် ရော်ဘာများအဖြစ် အဆင့်ဆင့်ထုတ်လုပ် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်၌ကျင်းပသည့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် မြိုင်ရတနာငါးထပ်ဈေး (Grand Mawlamyine Shopping Mall) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဈေးဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဈေးအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာသို့သွားရောက်၍ အိမ်တွင်း စက်မှုလက်မှုပစ္စည်း အရောင်းဆိုင်များ၊ MSME ဒေသထွက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုနှင့် အိမ်တွင်းလက်မှု လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ရိုးရာလက်မှုလုပ်ငန်းများအား ယနေ့ထိတိုင် လက်ဆင့်ကမ်း ထိန်းသိမ်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် လက်မှုပညာရှင်ကြီးများအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အဖွဲ့သည် သမိန်ဗရမ်း (ဘက်စုံသုံးကွင်း) ၌ ကျင်းပသည့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။

ဦးစွာ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များက (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ ဂုဏ်ပြုသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သနပ်ခါးအလှမယ်ပြိုင်ပွဲ၌ ဆုရရှိသူများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ပြီး မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

သတင်းစဉ်

Newspaper - 3537 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download