နိုင်ငံတော်တည်ငြိမ်အေးချမ်းဝပြောရေး၊ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက်
နိုင်ငံတော်တည်ငြိမ်အေးချမ်းဝပြောရေး၊ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / November 11, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကိုအလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင် နိုင်ငံတစ်ဝန်းလုံးလွှမ်းခြုံ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိရာတွင် အကြမ်းဖက်သောင်းကျန်းမှုမှန်သမျှကို တပ်မတော်က ရှင်းလင်းဖယ်ရှားလျက်ရှိသလို တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုမှန်သမျှ ဖယ်ရှားရှင်းလင်းနှိမ်နင်းလျက်ရှိသည်။
ဒုစရိုက်မှုလုပ်ငန်းများကို တိုက်ဖျက်နှိမ်နင်းရာတွင် ပြည်တွင်း၌သာမက နိုင်ငံတကာကပါ အလေးထား အာရုံစိုက်ဆောင်ရွက်လျက်ရှိသော အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အစဉ်တစိုက်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ ယခုအခါ မြဝတီနယ်မြေဒေသများအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများမှာ ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်ပါဝင်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ရောက်ရှိလာကြသော ဖြစ်စဉ်များမှာ အများစုဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီဒေသများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည့်အပြင် ယင်းဒုစရိုက်အစုအဖွဲ့များ စုဖွဲ့နေထိုင်ခဲ့ကြသည့် အဆောက်အအုံများအား ဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများကို အမြစ်ပါမကျန်အောင် တိုက်ဖျက်ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရသည်။
တစ်ဆက်တည်းတွင် ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်း တစ်လျှောက်၌ တရားမဝင်ဂိတ်များဖွင့်လှစ်ပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ငွေကြေးများကောက်ခံ၍ ပြည်ပမှ တရားမဝင်ပစ္စည်းများ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းများဆောင်ရွက်ခဲ့ကြရာ ယခုအခါ အဆိုပါဒေသများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးဖြစ်၍ ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးဂိတ်များနှင့် ကုန်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးသည့်အဆောက်အအုံများကို အပြီးတိုင်ဖျက်ဆီး ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အဆိုပါဒေသတွင် တရားမဝင်ဖွင့်လှစ်ပြီး ကုန်သွယ်နေသည့် နယ်စပ်ဂိတ်များကို အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ စတင်စစ်ဆေးဖျက်ဆီးရှင်းလင်းလျက်ရှိရာ ဂိတ်များနှင့် ကင်းစခန်းအများစုကို ဖျက်ဆီးရှင်းလင်းပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်က သတ်မှတ်ထားသည့် တရားဝင်ကုန်သွယ်ရေးဇုန်များမှတစ်ဆင့် ကုန်ပစ္စည်းများမတင်သွင်းဘဲ လက်နက်ကိုင်သောင်းကျန်းသူများ၏ တရားမဝင်ဂိတ်များမှ ငွေကြေးပေးပြီး မသမာသူများက မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများတင်သွင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ များစွာနစ်နာဆုံးရှုံးမှုဖြစ်ခဲ့သည်။ တစ်ဖက်နိုင်ငံက တရားမဝင်တင်သွင်းသည့် လမ်းကြောင်းများအနီးတွင် တရားဝင်ဂိတ်များဖွင့်လှစ်၍ အခွန်ကောက်ခံသည့်အတွက် အခွန်အခများရနေသော်လည်း မြန်မာနိုင်ငံအတွက် အခွန်အခများဆုံးရှုံးလျက်ရှိသဖြင့် ယင်းကိုတိုက်ဖျက်နှိမ်နင်းရမည်သာဖြစ်သည်။ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးအမည်ခံအကြောင်းပြ၍ လက်နက်ကိုင်စီးပွားရေး၊ ကိုယ်ကျိုးစီးပွားရှာဖွေရေး ဦးစားပေးလုပ်ဆောင်နေသည်ကို မြင်တွေ့နိုင်သည်။
တိုင်းပြည်မှရရှိသည့် အခွန်ဘဏ္ဍာငွေကြေးများသည်လည်းကောင်း၊ ပြည်သူများမှ လုပ်ကိုင်ရှာဖွေထားသည့် ငွေကြေးများသည်လည်းကောင်း ပြည်သူ့ဘဏ္ဍာငွေကြေးများပင်ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူလူထု နစ်နာဆုံးရှုံးမှုမဖြစ်အောင်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ဖြစ်ပေါ်လာသည့် ငွေကြေးဥစ္စာပစ္စည်းများ အလဟဿဆုံးရှုံးနစ်နာခြင်းမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတားအနှောင့်အယှက်ဖြစ်အောင်၊ နှေးကွေးအောင် လုပ်ဆောင်နေကြသည့် အဖျက်သမားသောင်းကျန်းသူများနှင့် တရားမဝင်ကုန်သွယ်မှု၊ တရားမဝင်လောင်းကစားမှုအပါအဝင် ဒုစရိုက်မှုမျိုးစုံ ပြုလုပ်နေကြသော ပြည်တွင်း၊ ပြည်ပ ဒုစရိုက်သမားများနှင့် ဝိသမလောဘသားများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အမြစ်ပြတ်ချေမှုန်းရှင်းလင်းလျက်ရှိရာ တိုင်းရင်းသားပြည်သူ အပေါင်းတို့ကလည်း မိမိတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေးအတွက် ဝိုင်းဝန်းပါဝင် လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3345 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
