နိုင်ငံတော်ပြန်လည်ထူထောင်ရေး ထက်သန်စွာဆောင်ရွက်မှုဂုဏ်ပြု


Ministry of Information/ Naypyitaw / April 10, 2026
image_latest


တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် အရေးပေါ်ကာလသတ်မှတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ကို စတင်တာဝန်ယူချိန်၌ ကိုဗစ် ၁၉ ကူးစက်ရောဂါ ပြင်းထန်နေချိန်ဖြစ်၍ ပြည်သူများရောဂါကူးစက်မှုမှ ကာကွယ်ရေးနှင့်ကုသရေးတို့ကို တပ်မတော်သားများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့သောကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးစွာဖြင့် ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့၌ အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူအသေအပျောက်များခဲ့ပြီး ရုံးအဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံနှင့်သာသနိကအဆောက်အအုံတို့ များစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ရခိုင်ပြည်နယ်သို့သွားရောက်ပြီး ထိခိုက်ဒဏ်ရာရသူများကို အားပေးနှစ်သိမ့်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်းတို့ကို အလျင်အမြန်စီမံဆောင်ရွက်ပေးခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒုက္ခရောက်ကြရသည့် ဒေသခံပြည်သူများအား အစိုးရနှင့်တပ်မတော်ပူးပေါင်းပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ပေးကာ မူလအခြေအနေထက်သာလွန်ကောင်းမွန်အောင် အလေးထားဆောင်ရွက်ပေးခဲ့သည်။

ထပ်မံ၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် တောင်တရုတ်ပင်လယ်မှစတင်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် နေပြည်တော်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံး မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူများနှင့်အတူ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြသည်။ အလားတူ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့တွင် လှုပ်ခတ်ခဲ့သော အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းဒေသတို့၌ လူသေဆုံးမှုများနှင့် အဆောက်အအုံထိခိုက်ပျက်စီးမှုများကို ကယ်ဆယ်ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်သားများနှင့် ပြည်သူတို့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားတွင် “ယခုကဲ့သို့ နိုင်ငံတော်အတွက် အရေးကြုံလာတိုင်း၌ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ တစ်သားတည်း ပူးပေါင်းဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်အောင် ကြီးကြပ်ကွပ်ကဲစီမံပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများကိုလည်း လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ အနာဂတ်ကာလတွင်လည်း နိုင်ငံအတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးကို ထိထိရောက်ရောက်သယ်ပိုးဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ “ပြည်သူသာအမိ ပြည်သူသာအဖ”ဟူသည့် ခံယူချက်နှင့် ပြည်သူတွေအပေါ် အလုပ်အကျွေးပြုသွားကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန်” ပြောကြားခဲ့သည်။

အစိုးရ၊ ဌာနဆိုင်ရာများနှင့်အတူ တပ်မတော်သားများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အင်အားကြီးမားသောစွမ်းအားများကို ရရှိခဲ့သည်။ ထို့ကြောင့် အချိန်တိုကာလအတွင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် လေယာဉ်၊ စစ်ရေယာဉ်များကို အင်တိုက်အားတိုက်အသုံးပြုပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်သူများ စားဝတ်နေရေးအဆင်ပြေပြီး အမိုးအကာအောက်သို့ လျင်မြန်စွာရောက်ရှိခဲ့သည်။ တာဝန်ပေးခဲ့သည့် တပ်မတော်အရာရှိကြီးများအနေဖြင့်လည်း ဆင်းရဲဒုက္ခကြားတွင် သတ်မှတ်ဒေသအလိုက် သွားရောက်နေထိုင်ပြီး ဒေသအကျိုးကို ဆောင်ရွက်ပေးခဲ့ကြသည်။ အလားတူ ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတွင်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူများနှင့်အတူ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်ကာလများအတွင်း အချိန်တိုအတွင်း၌ စိတ်စေတနာထက်သန်စွာဖြင့် စွန့်လွှတ်စွန့်စား ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးအား လေးစားဂုဏ်ပြုချီးမြှင့်မှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည်ဖြစ်သည်။ အရေးကြုံလာတိုင်း “ပြည်သူသာအမိ ပြည်သူသာအဖ” ခံယူချက်ဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ပြည်သူများနှင့်လက်တွဲ၍ ကျရာ ကဏ္ဍမှ ထိထိရောက်ရောက် အင်တိုက်အားတိုက် ထာဝစဉ် သယ်ပိုးထမ်းဆောင်မှုများကို ထပ်လောင်းဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း။ ။

Newspaper - 3496 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download