နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / December 21, 2025
နေပြည်တော် ဒီဇင်ဘာ ၂၁
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မြဧရာတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေသည် အစဉ်အလာရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး ယခင်ကတည်းက KNU သောင်းကျန်းမှုများ၊ ဗကပသောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရကြောင်း၊ နောက်ပိုင်းတွင်နယ်မြေအခြေအနေများ ငြိမ်သက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် PDF အမည်ခံကြမ်းဖက်သောင်းကျန်းသူများမှ အကြမ်းဖက်မှုများလုပ်ဆောင်လာခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ခဲ့ရကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် “အမြဲတိုက်ပွဲဝင်အသင့်” ( Fit for Fight ) ဖြစ်နေရန်လိုကြောင်း၊ ထိုသို့ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေရန်အတွက် တပ်မတော်သားတစ်ဦးချင်းအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ ထို့ကြောင့် နေ့စဉ်ဆောင်ရွက်ရမည့် ကြံ့ခိုင်ရေးလုပ်ငန်းများကို အမြဲလေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့အသက်အရွယ်နှင့်ကိုက်ညီပြီး ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် ကျန်းမာကြံ့ခိုင်သည့်နေထိုင်စားသောက်ပြီး တစ်ကိုယ်ရည်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်နေမှသာ မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ သွားလာနေထိုင်မှုများတွင်လည်း “သွားသတိ၊ လာသတိ” ဖြင့်သွားလာနေထိုင်ကြမည်ဆိုပါက ကျရောက်လာမည့် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သတိဟူသည်မှာ ပိုသည်မရှိကြောင်း။
တိုက်ပွဲဝင်ရာတွင် ရဲစွမ်းသတ္တိရှိရန်လိုကြောင်း၊ တိုက်ပွဲများတွင် ရဲစွမ်းသတ္တိရှိရှိဖြင့် သင်ကြားတတ်မြောက်ထားသည့် စစ်ပညာရပ်များကို လက်တွေ့စစ်မြေပြင်တွင်အသုံးချပြီး အောင်မြင်စွာတိုက်ခိုက်နိုင်ရန်လိုကြောင်း၊ ရဲစွမ်းသတ္တိဆိုသည်မှာ မိုက်ရူးရဲဆန်စွာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်ဖြင့်သတ္တိရှိရှိလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း တာဝန်များကို သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တတ်ကျွမ်းနေအောင် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ထိရောက်သော ပစ်ခတ်မှုများ ဖြစ်ရန်အတွက် မိမိတို့ကိုင်တွယ်အသုံးပြုရသည့် လက်နက်များ၊ အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်လိုကြောင်း။
သင်ယူတတ်မြောက်ပြီးဖြစ်သည့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရေး အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်မူဝါဒနှင့်အညီ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများနှင့် မျက်ခြည်မပြတ်လေ့လာနေရမည်၊ စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေစေရေး မိမိတို့နေ့စဉ် ဆောင်ရွက်နေရသည့် သမားစဉ်လုပ်ငန်းရပ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ သင်ကြားပေးထားသည့် စစ်အတတ်ပညာများအား ပြန်လည်လေ့ကျင့်ခြင်းနှင့် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းသည် အမြဲလေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း။
မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းနိုင်သူ၊ ဒေသနှင့်နိုင်ငံအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူ၊ တပ်မတော်နှင့် လက်တွဲ၍နိုင်ငံ့အကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်နိုင်သူများကို ရွေးချယ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် ပေါ်ပေါက်လာမည့်အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကိုလွှဲ ပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်မှုထမ်းများအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအားမေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည်လည်း အမျိုးသမီးကုသဆောင်တွင် မိသားစုဝင်များအား တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားတစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
Newspaper - 3387 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
