နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / February 25, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ အောင်ဆန်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ 

တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် တပ်မတော်သားအားလုံး တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားတိုးမြှင့် ရန်လိုအပ်မှုအခြေအနေများ၊ တိုက်ပွဲစွမ်းရည်တိုးတက်မှုရှိစေရေး စစ်သင်တန်းကျောင်းများတွင် စစ်ပညာရပ်များကို ဗိုလ်လောင်းဘဝ၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စသည်ဖြင့်အဆင့်ဆင့်လေ့ကျင့် သင်ကြားပေးလျက်ရှိ‌ပြီးကြိုးစား၍ လေ့လာ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင်တွင် လိုက်နာအကောင်အထည်ဖော်ရန် လိုအပ်မှုအခြေအနေများ။

ရန်သူကျင့်သုံးနေသည့် စစ်နည်းဗျူဟာများကို သင်ခန်းစာဖော်ထုတ်၍ တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ တစ်ဦးချင်းကိုယ်စီ တိုက်ပွဲစွမ်းရည်တိုးတက်မှသာ အဖွဲ လိုက်မှစ၍ အဆင့်ဆင့် တိုးတက်လာမည့် အခြေအနေများ၊ တစ်ဦးချင်းပြင်းပြင်းထန်ထန် လေ့ကျင့်ရေးမှစ၍ စစ်မြေပြင်တွင် တိကျစွာလိုက်နာအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှသာရရှိလာမည့် တိုက်ပွဲစွမ်းရည်များ ပိုမိုထိရောက်အောင်မြင်မှုရှိပြီး တိုက်ပွဲစွမ်းအားနှင့် ပေါင်းစပ်အသုံးပြုတတ်ရန် လိုအပ်မှုအခြေအနေများ၊ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားကို ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်တတ်မှသာ တိုက်ပွဲအောင်မြင်မည့် အခြေအနေများ။

ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် လုပ်ဆောင်သွားကြရန်လိုအပ်သည့်အခြေအနေများ၊ သို့မှသာ ကိုယ်ကျန်းမာစိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများ၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုအပ်သည့် အခြေအနေများ၊ ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှသာ ကျွမ်းကျင်မှုရှိ၍ မိမိကိုယ်ကိုယုံကြည်မှုရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် အောင်ပွဲဆင်နိုင်မည်ဖြစ်သည့် အခြေအနေများ၊ ရဲစွမ်းသတ္တိသည် ပင်ကိုဗီဇပါသည့်သူ အနည်းငယ်သာရှိပြီး ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကျွမ်းကျင်မှုများဖြင့် မွေးမြူသွားကြရန်လိုအပ်သည့်အခြေအနေများ။

အကျယ်တဝင့်ဆွေးနွေးမှာကြား

စစ်စည်းကမ်းနှင့်ပတ်သက်၍ တပ်မတော်သားများ၏ အသက်ခန္ဓာသည် စစ်စည်းကမ်းနှင့် အမိန့်နာခံမှုပင်ဖြစ်‌သဖြင့် စစ်စည်းကမ်းကို တိကျစွာလိုက်နာ၍ ပေးအပ်သော အမိန့်ကိုနာခံခြင်းဖြင့် ရည်မှန်းချက်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည့် အခြေအနေများ၊ စည်းကမ်းလိုက်နာမှု၊ ကျွမ်းကျင်မှု၊ နေထိုင်ပြောဆိုမှုကိုလိုက်၍ လက်အောက်၏ ယုံကြည်ကိုးစားမှု၊ လေးစားမှုကိုရရှိပြီး ခေါင်းဆောင်မှုကို ရရှိနိုင်မည်ဖြစ်သဖြင့် တပ်မတော်က ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ချက်ကို သိရှိလိုက်နာနေရန် လိုအပ်သည့်အခြေအနေများ၊ တပ်မတော်သားများသည် သစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များကို အသုံးချ၍ ကျေပွန်စွာထမ်းဆောင်နိုင်ရန် လိုအပ်သည့်အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကာ တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အခြေအနေများ၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3452 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download