နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / March 05, 2026
image_latest


နေပြည်တော် မတ် ၅

လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း ၃ ပိုင်းဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူလူထုကိုယ်စားပြု ရွေးချယ်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပရန် လွှတ်တော်အလိုက် ရက်သတ်မှတ်ခေါ်ယူပေးခဲ့ပြီးဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာလွှတ်တော်များသို့ ရောက်ရှိသတင်းပို့ရမည့်ရက်များကို သတ်မှတ်ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အတွက် မကြာမီရောက်ရှိကြတော့မည်ဖြစ်ကြောင်း။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိလာချိန်တွင် သတ်မှတ်နေရာများသို့ အသွား/ အပြန် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို သက်ဆိုင်ရာ ရုံး၊ ဌာနအဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိရန်၊

တည်းခိုနေထိုင်မည့် အဆောင်များ ရေ၊ မီး၊ မိလ္လာ၊ အခန်းတွင်းပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ရက်အမီ အဆင်သင့်ပြင်ဆင်ထားရှိရန်နှင့် လွှတ်တော်များအလိုက် လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာလွှတ်တော်ရုံးများက ရှင်းလင်းတင်ပြနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း။

လွှတ်တော်ဝင်းလုံခြုံရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးအရ ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်များကိုလည်း ပြီးပြတ်အောင်ဆောင်ရွက်သွားရန်၊ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ရုံးအသီးသီးနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်ပေးရန်၊ လွှတ်တော်အစည်းအဝေးများတွင် အသုံးပြုမည့် ရုပ်/သံရိုက်ကူးရေးဆိုင်ရာ စနစ်များနှင့် စက်ပိုင်းဆိုင်ရာစနစ်များ ကောင်းမွန်မှုရှိစေရန် အမြဲစမ်းသပ်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ကြရန်၊ လွှတ်တော်အဆောက်အဦပြင်ဆင်သည့် လုပ်ငန်းများကိုလည်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုအပ်သည်များကို ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း။

မကြာမီကျင်းပမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာများအနေဖြင့် လွှတ်တော်တွင်း သတင်းရယူရေးနှင့်စပ်လျဉ်းသည့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးတာဝန်ယူ၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် Media Corner များ စနစ်တကျထားရှိရန်လိုအပ်ကြောင်းနှင့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုတင်ပြ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ဆောင်ရွက်သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ အချိန်မီတက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် လွှတ်တော်လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လွှတ်တော်အစည်းအဝေးများ စနစ်တကျကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့သွားရောက်၍ လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ e - Voting System မဲပေးစက်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ တည်းခိုနေထိုင်မည့် စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3461 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download