နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရန် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများဖြင့် စွမ်းဆောင်မည်


Ministry of Information/ Naypyitaw / May 07, 2026
image_latest


နေပြည်တော် မေ ၆

နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရန် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများဖြင့် ထောက်ပံ့စွမ်းဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက နိုင်ငံတော်က ချမှတ်ထားသော လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းစဉ်များ လိုက်လျော ညီထွေဖြစ်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် မျိုးသစ်တစ်ခုသည် အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ဝင်ရေး၊ ဒေသနှင့်ကိုက်ညီရေးအပြင် တောင်သူများ ရေရှည်စိုက်ပျိုးနိုင် ရန်အတွက် နည်းပညာပိုင်းအရ ထိန်းသိမ်းမှုများ အားကောင်းရန် လိုအပ်ကြောင်း။

စပါး (အထူးသဖြင့် ပေါ်ဆန်းကဲ့သို့သော ဒေသမျိုးများ)၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများတွင် မျိုးသစ်များ ဖော်ထုတ်ရုံသာမက ၎င်းတို့၏ အရည်အသွေး မပျက်ယွင်းစေရန် မျိုးထိန်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သုတေသနပြုရရှိလာသော ရလဒ်များကို နည်းပညာ သင်တန်းများ၊ သတင်းဆောင်းပါးများနှင့် လက်ကမ်းစာစောင်များမှတစ်ဆင့် တောင်သူများ နားလည်လွယ်သော ဘာသာစကားဖြင့် ပြန်ဆိုဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော နည်းပညာများဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်ရေး ရည်ရွယ် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ဌာနခွဲအလိုက် တာဝန်ရှိသူများက သုတေသနဆောင်ရွက်ချက်များနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဌာနက ထုတ်လုပ်လိုက်သည့် မျိုးသန့်မျိုးစေ့ (Breeder Seed) များကို နောက်ဆုံးအဆင့် တောင်သူ သုံးမျိုးစေ့ (Certified Seed) အထိ ရောက်ရှိရေး စနစ်တကျချိတ်ဆက် ဆောင်ရွက်ရန်၊ မျိုးစေ့ပွားများ ရေးဌာနများ ပုဂ္ဂလိကကဏ္ဍ မျိုးစေ့ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မျိုးစေ့ထုတ်လုပ်သူများ ကြုံတွေ့ကြရသည့် အခက်အခဲများအပေါ် မျိုးဗီဇဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်အနေအထားဆိုင်ရာများကို သုတေသနပြု လေ့လာဖော်ထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3518 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download