နိုင်ငံအတွင်း စားရေရိက္ခာဖူလုံပေါများရေး မွေးမြူရေးဇုန်များ အောင်မြင်အောင် ဆောင်ရွက်


Ministry of Information/ Naypyitaw / May 25, 2026
image_latest


လူတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အသားငါး (Protein) စားသုံးရန် လိုသည်။ အရည်အသွေးမြင့်သော အသားဓာတ် (Protein) က ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးရန်နှင့် ဆဲလ်အသစ်များ ဖြစ်ပေါ်ရန် အထောက်အပံ့ပြုသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လူတစ်ဦးသည် မိမိခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) တိုင်းအတွက် နေ့စဉ်အသားဓာတ် (ဝ ဒသမ ၈) ဂရမ်ခန့် စားသုံးရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။

အသက် ၆ဝ အထက် သက်ကြီးပုဂ္ဂိုလ်များမှာ တစ်ရက်လျှင် အသား ၁ဝဝ မှ ၁၁ဝ ဂရမ်ခန့် စားသင့်ပြီး ကြီးထွားဖွံ့ဖြိုးရန်အတွက် ပရိုတင်းဓာတ် ပိုမိုလိုအပ်သည့် ကလေးများအတွက်မူ အသက် ၁နှစ်မှ ၃ နှစ်အထိ နေ့စဉ် (၇၅) ဂရမ်၊ အသက် ၄ နှစ်မှ ၆ နှစ်အထိ နေ့စဉ် ဂရမ် (၁၀၀) ၊ အသက် ၇ နှစ်မှ ၁၀ နှစ်အထိ နေ့စဉ် ဂရမ် (၁၂၀) စားသုံးသင့်သည်ဟုလည်း အကြံပြုထားသည်။

မြန်မာနိုင်ငံသားတို့၏ သားငါးစားသုံးမှုဓလေ့ကို ကြည့်လျှင် အသားထက် ငါးကို ပိုမိုစားသုံးကြသည်ဟု ဆိုသည်။ သားငါးထုတ်လုပ်မှုကဏ္ဍတွင်လည်း နှစ်စဉ် အသားထုတ်လုပ်မှုမှာ တန်ချိန် ၂ ဒသမ ၅ သန်းရှိပြီး ငါးထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန် ၃ သန်းကျော်ခန့် ရှိသည်ဟု သိရသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် မွေးမြူရေးကိုလည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ကြသည်။ မိရိုးဖလာနည်းအတိုင်း တိရစ္ဆာန်များကို လွှတ်ကျောင်းမွေးမြူလေ့ရှိကြပြီး အစာကျွေးချိန်ရောက်မှ ခေါ်ယူကျွေးမွေးကြကာ စီးပွားရေးအကျိုးအမြတ်ရရှိမှုအပေါ်တွင်လည်း စနစ်တကျ တွက်ချက်မှုမရှိခဲ့ကြ။ သို့ဖြစ်ရာ မွေးမြူရေးကို စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း အများအားဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မှု အားနည်းကြသည်။

ခေတ်မီမွေးမြူရေး ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများနှင့် စီမံခန့်ခွဲမှုများကို စနစ်တကျကျင့်သုံးကာ သွင်းအားစုအနည်းဆုံးနှင့် အထွက်နှုန်းအမြင့်ဆုံးရရှိရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ မွေးမြူရေးခြံများကို အပူချိန်နှင့် စိုထိုင်းဆများ ထိန်းညှိပေးခြင်း၊ လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစုဆောင်း၍ သဘာဝမြေသြဇာ၊ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း စသည့် နည်းလမ်းများဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးကြသည်။

မွေးမြူရေးခြံများကို တိရစ္ဆာန်ကူးစက်ရောဂါများ ကာကွယ်ရေးအတွက် ပိုးမွှားကင်းစင်စေရန် မွေးမြူရေးခြံအဝင်အထွက်များကို တင်းကျပ်စွာ ကန့်သတ်ခြင်း၊ ခြံထဲသို့ ဝင်ရောက်သည့် လူ၊ ကား စသည်တို့ကို ပိုးသတ်ဆေးဖျန်းခြင်း၊ တိရစ္ဆာန်များကို ရောဂါကာကွယ်ဆေးများ သတ်မှတ်ကာလအလိုက် စနစ်တကျထိုးနှံခြင်းစသည်ဖြင့် ဇီဝလုံခြုံရေးနှင့် ရောဂါကာကွယ်ရေးများ ဆောင်ရွက်ကြရသည်။ တိရစ္ဆာန်များကို စံချိန်စံညွှန်းမီအစာများ ကျွေးမွေးရာတွင် တိရစ္ဆာန် များ၏ အရွယ်နှင့် လိုအပ်ချက်အပေါ်မူတည်၍ အာဟာရဓာတ် မျှတစွာပါဝင်သည့် အစာများကို ရောစပ်ကျွေးမွေးခြင်း၊ အလိုလျောက်ရေတိုက်သည့်စနစ်ဖြင့် ရောဂါကင်းပြီး သန့်ရှင်းသည့်ရေကို အချိန်မရွေးရရှိစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးထားကြရသည်။ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူခြင်းက အရည်အသွေးမြင့် အသားနှင့် ထုတ်ကုန်များကို အချိန်တိုအတွင်း အထွက်နှုန်း အများဆုံးရရှိစေကာ အမြတ်အစွန်းအများဆုံးရရှိနိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။

မိမိတို့နိုင်ငံရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအနေဖြင့် သိပ္ပံနည်းကျ ခေတ်မီမွေးမြူရေးစနစ်သို့ မလျှောက်လှမ်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာကျင့်သုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မွေးမြူရေးတိရစ္ဆာန်များကို ခြံများတွင် လှောင်၍ မွေးမြူကြရာတွင် သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုသည်။ မွေးမြူရေးအစာများအတွက် ဒေသတွင်း မှ ထွက်ရှိသည့် စိုက်ပျိုးရေးကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာထုတ်လုပ် ကျွေးမွေးခြင်း၊ စားသုံးမှုဖူလုံအောင် မွေးမြူထုတ်လုပ်ပေးခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေမည်လည်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အားနည်းလျက်ရှိရာ နိုင်ငံ၏ ဂျီဒီပီမှာ နိမ့်ကျလျက်ရှိသကဲ့သို့ စီးပွားရေးတွင်လည်း ဒေသတွင်းနိုင်ငံများတွင် နောက်ကျလျက်ရှိသည်။ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းနိုင်ရန် လိုအပ်ချက်ကြောင့် ကုန်စျေးနှုန်းများမှာလည်း ကြီးမြင့်လျက်ရှိသည်။ ယခုအခါ မွေးမြူရေးဇုန်များ ဖော်ဆောင်နေခြင်းသည် အသား၊ ငါးနှင့် ဥများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ စားရေရိက္ခာ ဖူလုံပေါများရေးတို့ကို ရည်ရွယ်ခြင်းဖြစ်သည်နှင့်အညီ လုပ်ငန်းရှင်များက လုပ်ငန်းများ အောင်မြင်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3536 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download