နိုင်ငံအနာဂတ်ကောင်းမွန်စေရေး ပညာရေးကဏ္ဍ မြှင့်တင်အားပေး
နိုင်ငံအနာဂတ်ကောင်းမွန်စေရေး ပညာရေးကဏ္ဍ မြှင့်တင်အားပေး
Ministry of Information/ Naypyitaw / March 11, 2026
မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကိုပြန်ကြည့်ပါက အကြောင်းအမျိုးမျိုးဖြင့် အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာအားနည်းပါက အတတ်ပညာ၊ အသိပညာအားနည်းမှုများဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးမှုများဖြစ်ပေါ်စေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရေး အတန်းပညာများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် အတတ်ပညာရှင်များ များစွာလိုအပ်နေသည်။ နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားလုပ်ကိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် ပညာရေးကိုမြှင့်တင်ပြီး စီးပွားရေးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာ လမ်း၊ တံတား များကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး မြင့်မားတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၆ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) တွင် “ခိုင်မာတောင့်တင်းသည့် စီးပွားရေးကိုရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာကိုအခြေခံသည့် လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန်လိုမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍ မြင့်မားတိုးတက်ခြင်းသည် တိုင်းပြည်စီးပွားရေးကို တွန်းအားတစ်ရပ် ဖြစ်စေသည်သာမက ဝေဖန်ပိုင်းခြားသုံးသပ်ဆုံးဖြတ်နိုင်သည့် အသိဉာဏ်ပညာအားကို ကောင်းမွန်စေသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိဉာဏ်ပညာဖြင့် သတိတရားလက်ကိုင်ထားပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပေသည်။ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အပြည့်အဝဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်။ နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအထိရောက်ရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ အသိပညာများ၊ အတတ်ပညာများရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဆက်လက်၍ အဆင့်မြင့်အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပိုလီတက္ကနစ်တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၌ လိုအပ်နေသည့် ကျွမ်းကျင်အတတ်ပညာရှင်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းငယ်များရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည် နိုင်ရေးအတွက် လုပ်ငန်းများ စတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိသည့်အချိန်အထိ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် ကျွမ်းကျင်အတတ်ပညာရှင်များကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ်ပေးလျက်ရှိသဖြင့် အနာဂတ်တွင် နိုင်ငံ့စီးပွား မြင့်မားတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံ ရသည့်လုပ်ငန်းဖြစ်သဖြင့် နိုင်ငံတော်၏ အားပေးမြှင့်တင်ပေးမှုများနှင့်အတူ အရှိန်အဟုန်မပျက် တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်း နိုင်ငံ၏အနာဂတ်တိုးတက်ကောင်းမွန်လာစေရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာစေရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3466 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
