နိုင်ငံ့သမိုင်း စာမျက်နှာသစ်တွင် ရုပ်ရှင်အနုပညာဖြင့် မော်ကွန်းတင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2026
image_latest


ပြင်သစ်နိုင်ငံ ပါရီမြို့ ဂရင်းန်ကဖေးတွင် ၁၈၉၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၌ ပြသခဲ့သည့် " workers Leaving the Lumiere Factory" အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ရုပ်ရှင်ဖြစ်သည်။ ပြင်သစ်လူမျိုး လူမီယဲညီနောင်တို့ တီထွင်ရိုက်ကူးထုတ်လုပ်လိုက်သည့် အဆိုပါရုပ်ရှင်မှာ ဖလင်အရှည် ၁၇ မီတာ မျှသာရှိပြီး ပြသချိန်မှာလည်း စက္ကန့် ၅၀ မျှသာ ကြာမြင့်သည့်တိုင် ကမ္ဘာကြီးကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်ဟု အဆိုရှိသည်။

ရုပ်ရှင်သည် အနုပညာနှင့် အတတ်ပညာတို့ပေါင်းစပ်ထားသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ရုပ်ရှင်ပိတ်ကားပေါ်တွင် လှုပ်ရှားနေကြသည့် ပုံရိပ်များက ကြည့်ရှုနေကြသူများ၏ စိတ်နှလုံးကို ဖမ်းစားနိုင်စွမ်းရှိသည်။ ရုပ်ရှင်ကြည့်ပရိသတ်တို့အပေါ် ရုပ်ရှင်က ကြီးမားသည့် သြဇာသက်ရောက်မှုရှိသည်။ သို့ဖြစ်ရာ ရုပ်ရှင်ကို အပျော့ထည်စွမ်းအား (Soft Power) တစ်ခုအဖြစ် ထိရောက်စွာ အသုံးပြုကြသည်။ စစ်အေးခေတ်ကာလမှသည် မျက်မှောက်ခေတ်အထိ ကမ္ဘာ့အင်အားကြီးနိုင်ငံများက ရုပ်ရှင်ကို Soft Power အဖြစ်အသုံးပြုကာ နိုင်ငံအသီးသီးတို့တွင် ရှိနေကြသည့် ပြည်သူများကို ၎င်းတို့ဘက်ပါအောင် ဆွဲဆောင်စည်းရုံးမှုများ ပြုလုပ်နေကြသည်ကို ထင်ရှားစွာတွေ့နိုင်သည်။အပျော့ထည်စွမ်းအား (Soft Power) ဆိုသည်မှာ အနိုင်အထက်မပြု၊ အတင်းအကျပ်မခိုင်း၊ ဖိအားမပေး၊ အမိန့်ပေးခြင်းလည်းမလုပ်။ ယင်းတို့အစား သိမ်မွေ့ညင်သာစွာ ဆွဲဆောင်မှုကိုသာလုပ်သည်။ စည်းရုံးသိမ်းသွင်းမှုကိုသာ လုပ်သည်။ ရုပ်ရှင်၊ ဂီတ၊ အနုပညာ၊ အားကစား၊ အစားအစာ၊ ပညာရေးစသည့် အရင်းအမြစ်များ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် စသည့် နိုင်ငံရေးစံတန်ဖိုးများ၊ သံခင်းတမန်ခင်းများ၊ အကူအညီပေးအပ်ခြင်းများ စသည်တို့မှာ အပျော့ထည်စွမ်းအား၏ အဓိက အရင်းအမြစ်များပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်း ထူထောင်နိုင်ရန် ၁၉၁၀ ပြည့်နှစ်မှစ၍ ကြံစည်ကြိုးပမ်းမှုများရှိခဲ့ရာ ကမ္ဘာနှင့်အညီ အမီလိုက်နိုင်ရန် ထိုခေတ်မြန်မာတို့ ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင်ရိုက်ကူးသည့် “ဦးထွန်းရှိန် ဈာပနမှတ်တမ်းရုပ်ရှင် ပေါ်ထွက်လာခဲ့ခြင်းဖြင့် မြန်မာ့ရုပ်ရှင် သမိုင်း စတင်ခဲ့သည်။ မိမိတို့တွင်ရှိနေသည့် အရင်းအမြစ်၊ အနုပညာ၊ အတတ်ပညာ၊ တီထွင်ကြံဆမှုတို့ဖြင့် မြန်မာ့ရုပ်ရှင်ဟူ၍ ဖြစ်တည် လာရခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းတစ်လျှောက်တွင် မှတ်တိုင် စိုက်ထူမှုများစွာတို့ ရှိခဲ့သည်။

ရုပ်ရှင်အနုပညာသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခြေခံအင်အားတစ်ရပ်ပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူများ၏ အတွေးအခေါ်ပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် တန်ဖိုးထားမှုများကို ထင်ဟပ်ဖော်ပြနိုင်သည့် အနုပညာဖြစ်သည့်အတွက် ရုပ်ရှင်အနုပညာကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍမပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုများသည် ပြီးပြည့်စုံမှုမရှိဘူးဟု ဆိုနိုင်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ကွယ်တွင် စောင့်ထိန်းအပ်သည့် စရိုက်လက္ခဏာများ ပျက်စီးခြင်း၊ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်သရုပ် လက္ခဏာများပျောက်ဆုံးခြင်း၊ အတုယူမှားခြင်းများ ကြုံတွေ့လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရုပ်ရှင်သည် စီးပွားရေးလုပ်ငန်းသက်သက်မျှသာ မဟုတ်ဘဲ နိုင်ငံရေး၊ လူမှုရေးသြဇာရှိသည့် လုပ်ငန်းလည်းဖြစ်ရာ နိုင်ငံ့အရေးတွင် ရုပ်ရှင်အနုပညာဖြင့် တစ်ခန်းတစ်ကဏ္ဍ ပါဝင်ထမ်းဆောင်နိုင်သည်။ ရုပ်ရှင်အနုပညာ၊ အတတ်ပညာတို့ဖြင့် စွမ်းရည်ပြရင်း Soft Power စွမ်းအားဖြင့် ပြည်သူကို စည်းရုံးသိမ်းသွင်းနိုင်သည်။ မျက်မှောက်ကာလ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရည်မြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစသည့် အခြေအနေအရပ်ရပ်တို့အပေါ်တွင် ရုပ်ရှင်ပညာဖြင့် အပြုသဘော ပါဝင်ဆောင်ရွက်နိုင်သည်။ တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးတွင် ရုပ်ရှင်အနုပညာစွမ်းအားဖြင့် ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်နိုင်သည်။

မိမိတို့နိုင်ငံသည် မကြာမီကာလအတွင်း သမိုင်းစာမျက်နှာသစ် တစ်ရပ်ကိုဖွင့်လှစ်၍ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းကာ နိုင်ငံတော်သစ်ကို တည်ဆောက်ကြရတော့မည်ဖြစ်သည်။ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တို့၏ စွမ်းပကားဖြင့် နိုင်ငံတည်ဆောက်ရေးတွင် စွမ်းစွမ်းတမံပါဝင်ကာ နိုင်ငံ့သမိုင်းစာမျက်နှာသစ်တွင် မော်ကွန်းတင်နိုင်ကြပါစေကြောင်း။ ။

သတင်းစာများ - ၃၄၃၆ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download