နိုင်ငံ့သားကောင်းတာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး ဝိုင်းဝန်းဆောင်ရွက်ပေး


Ministry of Information/ Naypyitaw / May 17, 2026
image_latest


ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်ကို နားလည်ခံယူ ထားကြသူများဖြစ်သည်နှင့်အညီ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ကြခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းများထဲမှ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦး အထိ ရှိပြီဖြစ်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခြင်းကို အကြောင်းပြု၍ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ အများအပြားပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်စေခဲ့သည်။ ယခင်ရှိပြီးဖြစ်သည့် တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်အဖွဲ့များကလည်း ပြည်တွင်း၌မတည်မငြိမ်ဖြစ်ပေါ်ခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်နှင့် အဖျက်သမားတို့ပေါင်းကာ နိုင်ငံကို မီးကုန်ယမ်းကုန် ဖျက်ဆီးခဲ့ကြခြင်းကြောင့် ဖဆပလခေတ် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများပြီးလျှင် ဒုတိယမြောက်ရောင်စုံသောင်းကျန်းမှုဟူ၍ ဆိုနိုင်သည်။ မြို့ရွာ အများအပြား တိုက်ခိုက်ဖျက်ဆီးခံရပြီး လမ်းများ၊ တံတားများ အပါအဝင် နိုင်ငံ့ဘဏ္ဍာငွေ အမြောက်အမြားသုံးစွဲ၍ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော အခြေခံအဆောက်အအုံများစွာလည်း ပျက်စီးခဲ့သည်။ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့လည်း ဆုံးရှုံးခဲ့ရသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် ဒေသအချို့တွင် ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေကြသည့် သောင်းကျန်းသူများကို နှိမ်နင်းရာတွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter - Terrorism Operation) များအား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများ၊ အရေးကြီးသည့် ဆက်သွယ်သွားလာရေးလမ်းကြောင်းများကို ပြန်လည်သိမ်းပိုက် လျက်ရှိသည်။ အဆိုပါ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးများတွင် ပြည်သူ့စစ်မှုထမ်း စစ်သည်များမှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာ၀န်များကို တပ်မတော်နှင့်တစ်သားတည်း ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး သတ်မှတ်ကာလ ပြည့်မြောက်သူများမှာ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။

နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားသည့် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” သည် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေအသိအမှတ်ပြု လက်မှတ်ရရှိထားသည့် နိုင်ငံ့သားကောင်းများအနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်လိုသူများ၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများနှင့် မိမိတို့ရပ်ရွာများတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

တာဝန်ကျေ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် သတ်မှတ်ကာလပြည့်မီစွာ တာဝန်ထမ်းဆောင်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အခက်အခဲများရှိပါက စုံစမ်းမေးမြန်း ဆက်သွယ်ဆောင်ရွက်နိုင်ရန် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီက ဖုန်းနံပါတ်များ အသိပေးထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ဥပဒေနှင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ သတ်မှတ်ထားသည့် စစ်မှုထမ်းကာလပြည့်မီစွာ တာဝန်ထမ်းဆောင်ပြီးသည့် နိုင်ငံ့သားကောင်းများမှာလည်း တစ်ပတ်ပြီးတစ်ပတ် နေရပ်များဆီသို့ ပြန်လည်ရောက်ရှိကြမည်ဖြစ်ရာ ၎င်းတို့ အလုပ်အကိုင်ရရှိရေးမှာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များပင်ဖြစ်သည်။ သို့ဖြစ်ရာ ဝန်ကြီးဌာနများ၊ ကုန်သည်/စက်မှုအသင်းချုပ်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအနေဖြင့် စစ်မှုထမ်းတာဝန်ကျေပွန်သူများ အလုပ်အကိုင်ရရှိရေးတွင် ခိုင်မာသောလုပ်ငန်းစဉ်များဖြင့် တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3528 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download