နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် အစာအဆိပ်သင့်မှုဖြစ်ပွား၊ လူနာများအား ဆေးရုံများတွင် ကြပ်မတ်ကုသပေးလျက်ရှိ
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် အစာအဆိပ်သင့်မှုဖြစ်ပွား၊ လူနာများအား ဆေးရုံများတွင် ကြပ်မတ်ကုသပေးလျက်ရှိ
Ministry of Information/ Naypyitaw / September 18, 2024

နေပြည်တော် စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ကျေးရွာသူ၊ ကျေးရွာသား၊ ကလေး/လူကြီးအချို့ အစာအဆိပ်သင့်လက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါကျေးရွာရှိ ရေဘေးသင့် ပြည်သူများသည် အလှူရှင်များမှ လာရောက်လှူဒါန်းသည့် ကြက်သားဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကိုစားသုံးခဲ့ကြပြီး အစာအဆိပ်သင့်လက္ခဏာများ ဖြစ်ပေါ်ခဲ့ရာ နေပြည်တော်ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက အဆိုပါကျေးရွာသို့ရောက်ရှိနေပြီး ကုသခြင်း၊ ဆေးရုံသို့ လွှဲပြောင်းခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ လူနာများအနက် တပ်ကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) တွင် ပြင်ပလူနာအဖြစ် ၅၀ ဦးနှင့် အတွင်းလူနာအဖြစ် ၅၆ ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင် ၃၀၀) တွင် အတွင်းလူနာအဖြစ် ၄ ဦးနှင့် နေပြည်တော် ကလေးရောဂါအထူးကုဆေးရုံတွင် အတွင်းလူနာအဖြစ် ၅ ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး ရောဂါသက်သာကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ ယနေ့နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) တွင် ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများမှ ရောဂါသက်သာကောင်းမွန်လာသူလူနာများသည် ဆေးရုံဆင်းပြီး ၎င်းတို့နေအိမ်အသီးသီးသို့ ပြန်သွားကြပြီးဖြစ်သဖြင့် ဆေးရုံတက်ကုသဆဲ လူနာ ၉ ဦးသာ ကျန်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သို့ပါ၍ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ယာယီစခန်းများတွင် လှူဒါန်းထားသော အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့်သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေး ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။
Newspaper - 3196 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။
