နေပြည်တော်ကောင်စီဥက္ကဋ္ဌ တတိယအကြိမ် သာသနာလင်္ကာရစာမေးပွဲ ဖြေဆိုနေသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော်ကောင်စီဥက္ကဋ္ဌ တတိယအကြိမ် သာသနာလင်္ကာရစာမေးပွဲ ဖြေဆိုနေသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညို
Ministry of Information/ Naypyitaw / October 04, 2024

နေပြည်တော် အောက်တိုဘာ ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ကျင်းပသည့် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်သာသနာလင်္ကာရစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရနှင့် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် သာသနာလင်္ကာရစာမေးပွဲကို အကျော်တန်းမှ စာဖြေသံဃာတော်အပါး ၃၀ က ဘိက္ခုပါတိမောက် ဘာသာရပ်ကိုလည်းကောင်း၊ အကြီးတန်းမှ စာဖြေသံဃာတော် ၁၇၈ ပါးနှင့် အငယ်တန်းမှ စာဖြေသံဃာတော် ၃၇၆ ပါးက ရှင်ကျင့်ဝတ်ဘာသာရပ်ကိုလည်းကောင်း ဖြေဆိုနေမှုကို လှည့်လည်ကြည်ညိုသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်ဂေါပကအဖွဲ့ရုံး၌ကျင်းပသည့် နေပြည်တော်သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံရေး၊ စေတီတော်အားလုံးရေရရှိရေး၊ ဘုရားစေတီအတွင်းရှိ သာသနိကအဆောက်အဦများ ကြည်ညိုဖွယ်ဖြစ်အောင်ဆောင်ရွက်ရေး၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
အစည်းအဝေးအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီးအတွင်းရှိ မြတ်ဗုဒ္ဓ၏ မဇ္ဈိမ ခရီးစဉ်မှတ်တမ်းဓာတ်ပုံပြခန်းနှင့် ဓမ္မာရုံအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
