နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ထိုင်းနိုင်ငံမှ ကွန်ပျူတာနှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် နည်းပညာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ထိုင်းနိုင်ငံမှ ကွန်ပျူတာနှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် နည်းပညာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / August 15, 2025
ထိုင်းနိုင်ငံ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုစီမံခန့်ခွဲရေး စီမံကိန်းအပိုင်း (၂) ၏ အထောက်အပံ့ဖြင့် နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာနှင့် စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် နည်းပညာ စီမံခန့်ခွဲရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) တွင် ၁၅-၈-၂၀၂၅ ရက်နေ့၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ရန်ကုန်မြို့ ထိုင်းသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump ၊ ပထမအတွင်းဝန် Mr. Wuthikiat Chaicharna ၊ ထိုင်းနိုင်ငံ၊ ညစ်ညမ်းမှုထိန်း ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး Dr. Sakda Tridech ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ စသည့် ကိုယ်စားလှယ်စုစုပေါင်း (၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်နိုင်ရေးအတွက် ကွန်ပျူတာနည်းပညာ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု တားဆီးထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump က ထိုင်းနိုင်ငံ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု စီမံခန့်ခွဲရေး စီမံကိန်းအပိုင်း (၂) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ယနေ့အခမ်းအနားနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူက တက်ရောက်လာကြသည့် ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ကြိုဆို နှုတ်ခွန်းဆက်စကားနှင့်အတူ စက်ပစ္စည်းနှင့် နည်းပညာများကို လာရောက်ထောက်ပံ့ပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump မှ နေပြည်တော်တွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာနှင့်စက်ပစ္စည်းများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းသူ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဧည်သည်တော်များမှ ကွန်ပျူတာစက် ထိန်းချုပ်ရေးအခန်းသို့ သွားရောက်၍ သင်တန်းသား/သူများ၏ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့် သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အခမ်းအနားအား နံနက် ၁၀:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။ ထိုင်းနိုင်ငံ၊ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး Dr. Sakda Tridech ဦးဆောင်သော ကျွမ်းကျင်ပညာရှင်များမှ သင်တန်းသား/သူများအား နည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ၁၅-၈-၂၀၂၅ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန်အထိ ဆက်လက် လေ့ကျင့် သင်ကြားပေးခဲ့ကြပါသည်။
Newspaper - 3374 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
